ကော့မှူးတွင် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲ၊ ဂိမ်းကစားပြိုင်ပွဲနှင့် နံရံကပ်စာစောင်များ ပြသ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတရရှိ‌စေရေးအတွက် အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ‌ ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် လက်ခိုက်ကျေးရွာ အခြေခံပညာမူလတန်း‌လွန်ကျောင်း မူလွန် (လက်ခိုက်) ကျောင်း၌ အသိပညာ‌ပေးဟောပြောပွဲ ဂိမ်းကစားပြိုင်ပွဲများနှင့် နံရံကပ်စာစောင်ပြပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့၌ ဒို့အတူတူမဲပေးကြမယ် ဆိုင်းဘုတ်များ စိုက်ထူခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်” ဆိုင်းဘုတ်များ စိုက်ထူခြင်းကို ဒီဇင်ဘာ ၈ ရက်နေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

ကလိန်အောင်မြို့၌ ဒို့အတူတူ မဲပေးကြစို့ လှုံဆော်ရေးပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဒို့အတူတူမဲပေးကြမယ် လှုံ့ဆော်ရေးပိုစတာ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ကို ယနေ့နံနက် ၉ နာရီက ကလိန်အောင်-ရေး-ထားဝယ် အမှတ် (၁) ရပ်ကွက်ရှိ ကျေးလက်ကျန်းမာရေးဦးစီးဌာနအရှေ့ ပြည်ထောင်စုလမ်းမကြီး နံဘေး လူစည်ကားရာနေရာများတွင်ဆောင်ရွက်ခဲ့သည်။

သာစည်မြို့နယ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် (အမျိုးသား) ဘောလုံးပြိုင်ပွဲ စတင်ယှဉ်ပြိုင်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက ကျင်းပပြုလုပ်သော (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရပ်ကွက်/ကျေးရွာအုပ်စုပေါင်းစုံ အလွတ်တန်း(အမျိုးသား) ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ဒီဇင်ဘာ ၇ ရက် ညနေ့က စတင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ရွှေဘိုမြို့၌ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံ

စစ်ကိုင်းတိုင်း‌ဒေသကြီး၊ ရွှေဘိုခရိုင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ချမ်းမြေ့လေးထပ်ဆောင် (ရွှေဘိုပြည်သူ့ဆေးရုံဝင်းအတွင်း) တွင် ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ ရုံးဖွင့်ရက်များ၌ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဒီဇင်ဘာ ၇ ရက် နံနက် ၈ နာရီခွဲက ကျောက်ပန်းတောင်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးနှင့် ကျောက်ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးချုပ်ဟိန်းဆက်၊ ညောင်ဦး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ  ဦးကျော်မင်းညိုနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဝေဝေဖြိုးနှင့် ခရိုင်နှင့်မြို့နယ်ဝန်ထမ်းများ၊ မန္တလေးတိုင်းဒေသကြီးပညာရေးမှူး ဦးအောင်ဆွေဦး၊ ခရိုင်နှင့်မြို့နယ်ပညာရေးဝန်းထမ်းများ၊  မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အခြေခံပညာနှင့်ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

လိပ်သိုဒေသတွင် နနွင်းတက်များ စတင်တူးဖော်ရောင်းချချိန် ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်သည့် အားလျော်စွာ ဥယျာဉ်ခြံလုပ်ငန်းနှင့် တောင်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြရာ ဆောင်းရာသီကာလ နနွင်းတက်များ စတင်တူး​ဖော်ရောင်းချချိန် ဈေးကောင်းရလျက်ရှိနေ ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မန္တလေးလျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းမှ လျှပ်စစ်ဓာတ်ဖြန့်ဖြူးပေးနေမှုများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

မဟာလောကရန်နှိမ် အောင်တော်မူမြတ်စွာဘုရား၌ (၁၄၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ

ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်ရှိ မဟာလောကရန်နှိမ် အောင်တော်မူမြတ်စွာဘုရား၌ (၁၄၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် သံဃာတော်အပါး (၅၅၀) ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၈ ရက်က ကျင်းပပြုလုပ်ခဲ့သည်။

ဟုမ္မလင်း၌ ဒုတိယအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းသဘင် အခမ်းအနားကျင်းပ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုကိပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ဟုမ္မလင်း)၏ ဒုတိယအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီ အချိန်က အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to