မိုးများ အဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေများ စီးဆင်းဝင်ရောက်မှုကြောင့် မန်းရွှေစက်တော်ဘုရားကြီးတွင် မန်းချောင်းရေ ဒုတိယအကြိမ် ဖြတ်ကျော်စီးဆင်း

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ယခုရက်ပိုင်း မိုးများအဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေများ စီးဆင်းဝင်ရောက်မှုကြောင့် ယနေ့နံနက် ၁၀ နာရီ အချိန်က မန်းရွှေစက်တော်ဘုရားကြီးရှိ အောက်စက်တော်ရာ ရင်ပြင်အထက် မန်းချောင်းရေများ ဒုတိယအကြိမ် ဖြတ်ကျော်စီးဆင်းလျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

ငဖဲမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြင်ပ အသိပညာဗဟုသုတ တိုးပွားစေရန်၊ စာပေဖတ်ရှုသည့် အလေ့အထဖြစ်ပေါ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ၂၀၂၄ ခုနှစ် မတ်လထုတ် သုတပဒေသာနှင့်လူငယ်ရေးရာစာအုပ်ကို စာဖတ်ဝိုင်းကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၂၇) ကြိမ်မြောက် ဝါဆိုသင်္ကန်ကပ်လှူပူဇော်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဘုရားအမှူးရှိသော သင်္ဃာတော်အရှင်သူမြတ်တို့အား မိုးတွင်းကာလတွင် အသုံးပြုအပ်သော ဝဿာဝါသိက ဝါဆိုသင်္ကန်းဆက်ကက်လှူဒါန်းပွဲကို ယနေ့ နံနက် ၆ နာရီက  ကျင်းပပြုလုပ်သည်။

မင်းလှမြို့နယ် ပြည်သူ့ဆေးရုံ၌ ငလျင်ဘေးသဏ္ဍာန်တူသရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီ တုန့်ပြန်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ငလျင်ဘေးသဏ္ဍာန်တူသရုပ်ပြဇာတ်တိုက်လေ့ကျင့် အသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့သည်။

နတ်မောက်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ 

လဲချားမြို့ အ‌ခြေခံပညာမူလတန်းကျောင်း(ဟိုဖိုင်)သို့ စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ကျောင်းသား/ကျောင်းသူများဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်သို့မလာရောက်နိုင်သော စာပေချစ်မြတ်နိုးသူများအတွက်ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီက mobile libraryစနစ်ဖြင့် စာအုပ်၊စာစောင်များ နယ်လှည့်ကွင်းဆင်းငှားရမ်း ပေးခဲ့​သည်။

နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ် ဒက္ခိဏသီရိမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

နေပြည်တော်ကောင်စီဝင် ဦးခင်‌မောင်လတ်သည် မြို့နယ်စိုက်ကြပ်ကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၈၂၀)ကွင်းအတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် တူးဖော်ဆောင်ရွက်၍ကျန်ရှိသည့် ရေနုတ်မြောင်း တူးဖော်ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးသည်။

မန္တလေးမြို့ဝင်မြို့ထွက်စစ်ဆေးရေးဂိတ်များမှတရားမဝင်စက်သုံးဆီနှင့်ကုန်စည်များ ဖြတ်သန်းသယ်ဆောင်မှုမရှိစေရေး အလေးထားဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး မြို့ဝင်မြို့ထွက်စစ်ဆေးရေးဂိတ်များမှ တရားမဝင်စက်သုံးဆီများနှင့်ကုန်စည်များဖြတ်သန်းသယ်ဆောင်မှုမရှိစေရေး စစ်ဆေးရေးဂိတ်များရှိ ပူးပေါင်းစစ်ဆေးအဖွဲ့များအလိုက် တာဝန်ရှိသူများအနေဖြင့် ထုတ်ပြန်ထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာကာ လုံခြုံရေးအသိ၊ လုံခြုံရေးသတိတို့ဖြင့် ထိရောက်စွာ တားဆီးဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ခရီးသွားပြည်သူများသွားလာမှုအခက်အခဲမဖြစ်ပေါ်စေရေး၊ ယာဉ်ကြောကြပ်တည်း မှုနှင့်ရှုပ်ထွေးမှုများမဖြစ်ပေါ်စေရေး စနစ်တကျကြပ်မတ်ကာ  တရားမဝင်ကုန်သွယ်မှုတားဆီးရေးလုပ်ငန်းများတွင် ထိရောက်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က ပြောကြားသည်။

နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးတက်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံပြီး စာပေဗဟုသုတလေ့လာဖတ်ရှုလာစေရန်နှင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)တွင် ကျင်းပပြုလုပ်ခဲ့သည်။                    

ကျိုင်းတုံမြို့အထွေထွေရောဂါကုဆေးရုံကြီး၌ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား အခမဲ့ခွဲစိတ်ကုသပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့အထွေထွေရောဂါကုဆေးရုံကြီး၌ ကျိုင်းတုံဒေသအနီးဝန်းကျင်မှ ဒေသခံပြည်သူ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား အခမဲ့ခွဲစိတ်ကုသပေးခြင်းကို ယမန်နေ့က ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(သွားကျန်းမာ)ဦးဆောင်သော အထူးကုဆရာဝန်ကြီးများအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးကြောင်း သိရသည်။
Subscribe to