ပွင့်ဖြူ ဖေဖော်ဝါရီ ၂၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း နွေသီးနှံစိုက်ပျိုးရာသီတွင် ရေသွင်းနှမ်းစိုက်ပျိုးမည့် ဒေသခံတောင်သူများကို သီးနှံအထွက်နှုန်းတိုးတက်စေရေးအတွက် နှမ်းမျိုးသန့်များထုတ်လုပ်မှုသင်တန်းကို ဖေဖော်ဝါရီ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ပွင့်ဖြူမြို့နယ် ရွာသစ်ကျေးရွာဓမ္မာရုံ၌ ဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ပွင့်ဖြူမြို့နယ် တောင်သူအကျိုးဆောင်အသင်း(FFA)နှင့် တောင်သူဖွံ့ဖြိုးရေးအသင်း(TFDA) အဖွဲ့တို့မှ အဖွဲ့ဝင်တောင်သူ ၆၀ ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းတွင် CESVI အဖွဲ့မှ စိုက်ပျိုးရေးပညာရှင်များက သီးနှံအထွက်နှုန်းကောင်းမွန်သော ရေသွင်းနှမ်းစိုက်ပျိုးရေးနည်းလမ်းများနှင့် စိုက်ပျိုးနည်းစနစ်များ၊ မြေဆီလွှာဖွံ့ဖြိုးရေး ဆောင်ရွက်ရန်အချက်များ၊ ဘက်စုံပိုးမွှားကာကွယ်နည်းစနစ်များ၊ သီးနှံအလှည့်ကျ စိုက်ပျိုးနည်းစနစ်များ၊ ဝင်ငွေပိုမိုရရှိရေး သီးနှံကြားညှပ်စိုက်ပျိုးခြင်းနည်းလမ်းများ၊ မြေဩဇာကျွေးခြင်းနှင့် ရေသွင်းရေထုတ်ပြုလုပ်နည်းစနစ်များ၊ မျိုးကောင်းမျိုးသန့် ထုတ်လုပ်ပုံနည်းလမ်းများနှင့် မျိုးသန့်မျိုးစေ့ထိန်းသိမ်းနည်းစနစ်များ စသည့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများကို စာတွေ့၊ လက်တွေ့ ဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)