ခိုလမ်မြို့တွင် စိုက်ပျိုးရေးသွင်းအားစုအ‌ရောင်းဆိုင်များအား ဥပဒေရှင်းလင်းပြောကြားခြင်း၊ စည်းကမ်းချက်များနှင့်အညီ လိုက်နာမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးသွင်းအားစုအ‌ရောင်းဆိုင်များအား မြေဩဇာ၊ ပိုးသတ်ဆေး၊ မျိုး‌စေ့ဥပဒေများရှင်းလင်းပြောကြားခြင်း၊ စည်းကမ်းချက်များနှင့်အညီလိုက်နာမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က ဆောင်ရွက်ခဲ့ပါသည်။

ထားဝယ်ကြီးကျောင်းတိုက်တွင် သုတဓမ္မစာကြည့်တိုက် ဆောက်လုပ်လှူဒါန်းခြင်းနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်း

ထားဝယ်ကြီးကျောင်းတိုက်တွင် သုတဓမ္မစာကြည့်တိုက် ဆောက်လုပ်လှူဒါန်းခြင်းနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်း ကြံခင်း ဇူလိုင် ၈ ဖြိုးဝေလင်း(ပြန်/ဆက်)

ရေတာရှည်မြို့နယ်၌ (၂၀၂၅-၂၀၂၈) သက်တမ်းကာလအတွက် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း အမှုဆောင်အဖွဲ့ဝင်ရွေးချယ်ခြင်း အခမ်းအနားပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ (၂၀၂၅-၂၀၂၈) သက်တမ်းကာလအတွက် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း အမှုဆောင်အဖွဲ့ဝင်ရွေးချယ်ခြင်း အခမ်းအနားကို ဇူလိုင် ၆ ရက်နေ့ မွန်းလွဲပိုင်းက ကရင်ချောင်းလမ်း ဓာတ်တော်ဘုရားဝင်းအတွင်းရှိ ဓမ္မာရုံ၌ ပြု လုပ်ခဲ့ပါသည်။

ကျောက်ဆည်မြို့၌ ရေရရှိရေးနည်းလမ်းဖြင့် ကျေးရွာအုပ်စု (၁၀) အုပ်စုတွင် နွေသီးနှံစုံ (၅၈၀၇) ဧက စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် တိုက်နယ် (၁၂)ခု ရှိပြီး ရေရရှိရေးနည်းလမ်းဖြင့် တိုက်နယ် (၃)မှ ကျေးရွာအုပ်စု(၁၀)အုပ်စုတွင် နွေသီးနှံမျိုးစုံ (၅၈၁၇)ဧက စိုက်ပျိုးခဲ့ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

နောင်တရားမြို့ ကျေးလက်ကျန်းမာရေးဌာန၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးလျက်ရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ပေါ် ရပ်ကွက်များမှကာကွယ်ဆေးထိုးနှံရန်အကြုံးဝင်သည့် ဒေသခံပြည်သူများကို ယနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးလျက်ရှိသည်။

စစ်ကိုင်းမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

စစ်ကိုင်းမြို့တွင် ခရိုင်၊ မြို့နယ်အဆင့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့၊ နည်းပညာအထောက်အကူပြုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အောင်လံမြို့၌ ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အောင်လံမြို့စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရွှေကျင်မြို့နယ် မကျည်းတန်းရပ်ကွက် အခြေခံပညာအလယ်တန်း‌ကျောင်း(ခွဲ)တွင် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အာဇာနည်နေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြသခြင်းနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က မကျည်းတန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ် သဲကုန်းကျေးရွာ၌ ထမင်းအိုးတည်ရာမှ မီးလောင်မှုဖြစ်ပွား

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲကုန်ကျေးရွာ၊ ဘုန်းကြီးကျောင်းလမ်းနေ မခိုင်အိဖြူနေအိမ်တွင် ဇူလိုင်လ ၆ ရက်နေ့ နံနက် ၆ နာရီခွဲခန့်တွင် ထမင်းအိုးတည်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Subscribe to