မြို့တည် ၃၉ နှစ်ပြည့် မော်ကွန်းမဂ္ဂဇင်းမိတ်ဆက်ပွဲနှင့် သက်ကြီးစာရေးဆရာ/ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲ ကျင်းပ

ရွှေပြည်သာ ဖေဖော်ဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ညရွှေပြည်သာမြို့နယ်စာရေးဆရာအသင်း၏ မြို့တည် ၃၉ နှစ်ပြည့် မော်ကွန်းမဂ္ဂဇင်းမိတ်ဆက်ပွဲနှင့် သက်ကြီးစာရေးဆရာ၊ ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စာရေးဆရာအသင်း အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ မရည်မွန်(ကျုံပျော်)က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်မေမွန်ထွဋ်က မုဒိတာစကားပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကန်တော့ခံ သက်ကြီးစာရေးဆရာ/ဆရာမကြီး (၃၉)ဦးတို့အား အလှူငွေနှင့် လက်ဆောင်ပစ္စည်းများပေးအပ်၍ စာရေးဆရာကြီး(မှူးကျော်ပန်းတနော်)က ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ပြန်လည်ပြောကြားခဲ့ပြီး ကြွရောက်လာသည့် စာရေးဆရာ၊ ဆရာမကြီးများနှင့် ဧည့်သည်တော်များအား စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

မေမွန်ထွဋ်(ပြန်/ဆက်)