အခြေခံပညာမူလတန်းကျောင်း တတောင်ကွေ့တွင် ပဉ္စမအကြိမ် (ဒီဇင်ဘာလ) ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းလုပ်ငန်းများဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းကျန်းမာရေးသီတင်းပတ်အဖြစ် ကျောင်းသား၊ သူများအား ပဉ္စမအကြိမ် (ဒီဇင်ဘာလ) အာဟာရကျွေးမွေးခြင်းများကိုဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းတည့် ၁၂ နာရီတွင် အ.မ.က တတောင်ကွေ့ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။