ပွင့်ဖြူမြို့နယ်တွင် နွေသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော စပါး ၂၁၀၆ ဧကထိ ရိတ်သိမ်းပြီးစီး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော စပါးသီးနှံ ၂၁၀၆ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း  မန္တလေးငလျင်ကြီးကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ဘုရား၊ စေတီ၊ ပုထိုးနှင့် သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်ရေးလုပ်ငန်းညှိနှိုင်း 

မန္တလေးတိုင်းဒေသကြီးအတွင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုရား၊ စေတီ၊ ပုထိုး နှင့် သာသနိက အဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၇ ရက်မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကော့မှူးတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဥပဒေအကြောင်း ဆွေးနွေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်လမ်းဖွံ့ဖြိုးရေးဥပဒေအကြောင်း အသိပညာပေးဆွေးနွေးပွဲကို ယနေ့ညနေ ၄ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) ကျောင်းသားများကို ဗလာစာအုပ်များ ပေးအပ်လှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ဝေဠုဝန်ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်သင်ကြား‌နေသည့် ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) ကျောင်းသားများကို ဗလာစာအုပ်များပေးအပ်လှူဒါန်းခြင်းကို ဇူလိုင် ၄ ရက် မွန်းလွဲ ၂ နာရီက‌ ဆောင်ရွက်ခဲ့သည်။

မင်္ဂလာတောင်ညွန့်မြို့နယ်၊ မလွှကုန်းရပ်ကွက်တွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ကာယကံရှင်များထံသို့ ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မလွှကုန်းရပ်ကွက်တွင် ဇူလိုင် ၅ ရက် နံနက်(၁၁)နာရီက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကာယကံရှင်များထံသို့ ပေးအပ်ခဲ့ကြသည်။

ပန်းတောင်းမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အ.လ.ကကျောင်း ဥသျှစ်ပင်တွင် ယနေ့နံနက် ၉:၀၀ နာရီက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

သာယာဝတီခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးပြီး ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများစုပေါင်း၍ ၂၀၂၅ ခုနှစ် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီက သာယာဝတီမြို့နယ်၊ ကျိုက်ထိုဇောတိကာရုံ ပရိယတ္တိစာသင်တိုက်ကြီး၌ ကျင်းပသည်။

ဖြူးမြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြည်ရေးအတွက် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိမ်းလန်းစိုပြည်ရေးအတွက် ၂၀၂၅ ခုနှစ်၊ မိုးရာသီတွင် ဒုတိယအကြိမ်သစ်ပင်စိုက်ပွဲအား ယနေ့နံနက်(၈)နာရီအချိန်က လိပ်သေကျေးရွာ၌ စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသည့် မြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ရှိ ကျေးရွာအုပ်စုများတွင် တောင်သူလယ်သမားများက လယ်ယာစိုက်ပျိုးခြင်းလုပ်ငန်းနှင့်တွဲဖက်ကာ ဆောင်းသီးနှံတစ်မျိုးဖြစ်သော မြေပဲစိုက်ပျိုးခြင်းလုပ်ငန်းကို တစ်ပိုင်တစ်နိုင်လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ မြေပဲစိုက်ပျိုးဧကများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

၂၀၂၅ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဌာဆိုင်ရာအကြီးအကဲများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဝင်များနှင့် ဖူဆယ်ဆပ်ကော်မတီမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Subscribe to