တာလေမြို့၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနားအား ယနေ့နံနက် (၁၀) နာရီအချိန်က အမှတ်(၃)ရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(တာလေ)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံဖွားဘုန်းတော်ကြီး HT.Thich Thien Tamနှင့် အဖွဲ့က အ.ထ.က (၁၄)မှ ငလျင်ဒဏ်သင့် ကျောင်းသား၊ကျောင်းသူများအား ငွေများလှူဒါန်း

မန္တလေး၊ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း(၈၀)ပေါ်ရှိ အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းသို့ ဗီယက်နမ်ဘုန်းတော်ကြီးအဖွဲ့က အလှူငွေများ လာရောက်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက အဆိုပါကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

စလင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဝါဆိုသင်္ကန်းကပ်လှူဒါန်းပွဲမင်္ဂလာအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ အမှတ်(၁)အခြေခံပါအထက်တန်းကျောင်း၌  ၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ်  ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲမင်္ဂလာအခမ်းအနားကို  ယနေ့နံနက် (၈) နာရီအချိန်က အဆိုပါကျောင်းရှိ  ဘုရားရှိခိုးဆောင်တွင်  ကျင်းပပြုလုပ်ခဲ့ကြောင်း  သိရသည်။

ပခုက္ကူဈေးကွက်အတွင်း ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ်တစ်ထောင်ကျော်ဖြင့် အရောင်းအဝယ် ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူဈေးကွက်အတွင်း တင်ပို့ရောင်းချသည့် ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ်တစ်ထောင်ကျော်ဖြင့် အရောင်းအဝယ်ဖြစ်ထွန်းလျက်ရှိကြောင်း ကြက်သွန်စိုက်တောင်သူများထံက သိရသည်။

တောင်ငူမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ Pfizer ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး နေ့စဥ်အခမဲ့ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက တောင်ငူမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ လာရောက်ထိုးနှံလျက်ရှိသည်။

ခိုလမ်မြို့တွင် စိုက်ပျိုးရေးသွင်းအားစုအ‌ရောင်းဆိုင်များအား ဥပဒေရှင်းလင်းပြောကြားခြင်း၊ စည်းကမ်းချက်များနှင့်အညီ လိုက်နာမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးသွင်းအားစုအ‌ရောင်းဆိုင်များအား မြေဩဇာ၊ ပိုးသတ်ဆေး၊ မျိုး‌စေ့ဥပဒေများရှင်းလင်းပြောကြားခြင်း၊ စည်းကမ်းချက်များနှင့်အညီလိုက်နာမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က ဆောင်ရွက်ခဲ့ပါသည်။

ထားဝယ်ကြီးကျောင်းတိုက်တွင် သုတဓမ္မစာကြည့်တိုက် ဆောက်လုပ်လှူဒါန်းခြင်းနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်း

ထားဝယ်ကြီးကျောင်းတိုက်တွင် သုတဓမ္မစာကြည့်တိုက် ဆောက်လုပ်လှူဒါန်းခြင်းနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်း ကြံခင်း ဇူလိုင် ၈ ဖြိုးဝေလင်း(ပြန်/ဆက်)

ရေတာရှည်မြို့နယ်၌ (၂၀၂၅-၂၀၂၈) သက်တမ်းကာလအတွက် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း အမှုဆောင်အဖွဲ့ဝင်ရွေးချယ်ခြင်း အခမ်းအနားပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ (၂၀၂၅-၂၀၂၈) သက်တမ်းကာလအတွက် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း အမှုဆောင်အဖွဲ့ဝင်ရွေးချယ်ခြင်း အခမ်းအနားကို ဇူလိုင် ၆ ရက်နေ့ မွန်းလွဲပိုင်းက ကရင်ချောင်းလမ်း ဓာတ်တော်ဘုရားဝင်းအတွင်းရှိ ဓမ္မာရုံ၌ ပြု လုပ်ခဲ့ပါသည်။

ကျောက်ဆည်မြို့၌ ရေရရှိရေးနည်းလမ်းဖြင့် ကျေးရွာအုပ်စု (၁၀) အုပ်စုတွင် နွေသီးနှံစုံ (၅၈၀၇) ဧက စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် တိုက်နယ် (၁၂)ခု ရှိပြီး ရေရရှိရေးနည်းလမ်းဖြင့် တိုက်နယ် (၃)မှ ကျေးရွာအုပ်စု(၁၀)အုပ်စုတွင် နွေသီးနှံမျိုးစုံ (၅၈၁၇)ဧက စိုက်ပျိုးခဲ့ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။
Subscribe to