သထုံခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့နှင့် မြို့နယ်စာရေးဆရာများအသင်းတို့ပူးပေါင်းကာ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁၀ ရက်နေ့၊ မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရွှေတောင်မြို့ အ.လ.က(အမြောက်တပ်)တွင် လူငယ်စကားဝိုင်း ကျင်းပ

ရွှေတောင်မြို့ အ.လ.က(အမြောက်တပ်)တွင် လူငယ်စကားဝိုင်း ကျင်းပ ရွှေတောင် ဒီဇင်ဘာ ၁၀ မြို့နယ် (ပြန်/ဆက်)

မြင်းခြံမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးနည်း သရုပ်ပြ

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးခြင်းဆိုင်ရာလုပ်ငန်းစဉ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် မြင်းခြံမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးနည်း သရုပ်ပြပွဲအခမ်းအနားကို ဒီဇင်ဘာ ၈ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ပုလောမြို့နယ်၌ မဲဆန္ဒရှင်စာရင်း တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည်စုံမှန်ကန်စေရေးအတွက် တာဝန်ရှိသူများက (တတိယအကြိမ်) တိုက်ဆိုင်စစ်ဆေးခြင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး၌ ယနေ့နံနက်ပိုင်းက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်းရှိ ဒီဇင်ဘာလအားကစားလတွင် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ဒီဇင်ဘာလအားကစားလတွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံခိုင်စေရန်ရည်ရွယ်၍ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကို ယမန်နေ့က စတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ် စာပန်းအိမ်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

လူငယ်ကဏ္ဍကိုမြှင့်တင်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံ‌သော လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့‌နံနက် ၉ နာရီခွဲက စာပန်းအိမ်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲ ကျင်းပ

ကျောက်ပန်းတောင်းမြို့နယ် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၌ ကဗျာရွတ်၊ ပုံပြင်ပြော၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် လူငယ်စကားဝိုင်းတို့တွင်ပါဝင် ယှဉ်ပြိုင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာ ၇ ရက် မွန်းလွဲ ၂ နာရီအချိန်က ပြည်သူ့အားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်၌ မဲဆန္ဒရှင်စာရင်း တိုက်ဆိုင်စစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက မဲဆန္ဒရှင်စာရင်းများ ပြည်စုံမှန်ကန်စေရေးအတွက် တာဝန်ရှိသူများက တိုက်ဆိုင်စစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ထားဝယ်မြို့၊ အမှတ်(၇)အခြေခံပညာအထက်တန်း ကျောင်း၌ကျင်းပပြုလုပ်သည့် “စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်” သို့တက်ရောက် ကြည့်ရှုအားပေး

စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသား၊ကျောင်းသူများ စာအုပ်စာပေလေ့လာ ဖတ်ရှုနိုင်ရန်၊ စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်မျှ‌ဝေအသုံးချနိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူများကျန်းမာကြံ့ခိုင်သန်စွမ်းစေရန်ရည်ရွယ် ၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း ကျင်းပသော “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်”ကို ဒီဇင်ဘာ ၈ ရက်နေ့ နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ပျော်ဘွယ်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပျော်ဘွယ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ဦးဆောင်မှု၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်နှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပါဝင်သည့်အဖွဲ့သည် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး ဆိုင်းဘုတ်များစိုက်ထူခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဒီဇင်ဘာလ ၇ ရက်ညနေ ၃ နာရီခွဲက လူစည်ကားသည့် ဘူတာရုံ၊ ကားဂိတ်၊ ဈေးအရောင်းဆိုင်များသို့ သွားရောက်ဆောင်ရွက်ခဲ့ကြသည်။
Subscribe to