မကွေးခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်သင်ကြားပေးမည်

မကွေး ဖေဖော်ဝါရီ ၂၄

ကျောင်းသား၊ကျောင်းသူကလေးငယ်များ နွေရာသီကျောင်းပိတ်ရက်များတွင် အသိပညာဗဟုသုတတိုးပွားလာစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်လာစေရန်နှင့် အားလပ်ရက်များတွင်အချိန်များအား အကျိုးရှိရှိသုံးစွဲနိုင်စေရန်ရည်ရွယ်၍ မကွေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဟိုဌာန (Community Centre)ခန်းမတွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့် လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

အခြေခံပန်းချီရေးဆွဲရာတွင် အခြေခံအချက်များဖြစ်သည့် ပုံသဏ္ဌာန်(Shape)၊ အရောင်(Color)၊ မျဉ်းကြောင်း(Line)၊ အလင်းအမှောင်(Light and Shade)နှင့် ဖွဲ့စည်းတည်ဆောက်ပုံ၊ အရောင်သုံးစွဲနည်းများ၊ ပုံကြမ်းရေးဆွဲနည်း၊ အချိုးအစားမှန်ကန်အောင်ချိန်ညှိနည်းနှင့် အရောင်ခြယ်နည်းများကို ကျွမ်းကျင်ပန်းချီဆရာများက မတ်လ(၉)ရက်နေ့မှ (၂၆)ရက်နေ့အထိ နံနက်(၉)နာရီမှ (၁၁)နာရီအထိ အခြေခံပညာအလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူများအား ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

မောင်ခိုင်မင်း (ပြန်/ဆက်)