ဇမ္ဗူသီရိမြို့နယ်၌ အမျိုးသမီးနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ဇမ္ဗူသီရိ ဖေဖော်ဝါရီ ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ လယ်ဝေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဇမ္ဗူသီရိမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် အမျိုးသမီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေးဟောပြောပွဲကို ယ‌မန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် လယ်ဝေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဆွေဆွေသွယ်က အမျိုးသမီးနှင့်သဘာဝပတ်ဝန်းကျင်၊ စုပေါင်းကာကွယ်မီးခိုးမြူငွေ့အန္တရာယ်၊ PM 2.5 အန္တရာယ်အကြောင်းတို့ကို အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။ 

တင့်ဖူးခိုင်(ပြန်/ဆက်)