မြန်အောင်မြို့နယ်၌ ကျေးလက်လမ်းတံတား လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

မြန်အောင် ဖေဖော်ဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ကျေးလက်လမ်းတံတားလုပ်ငန်းများကို ဖေဖော်ဝါရီ ၂၄ ရက်တွင် တာဝန်ရှိ သူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

စစ်ဆေးရာတွင် ဧရာဝတီတိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးအောင်စန်းချစ်၊ လမ်းဦးစီးဌာနညွှန်ကြားရေးမှူး (မြို့ပြ) ဦးရန်နိုင်ဇော်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးမင်းသိန်း၊ ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးဇော်နိုင်ဝင်းနှင့် မြို့နယ်တာဝန်ခံ အင်ဂျင်နီယာတို့က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဇလုပ်ကြီး-ကြို့ပင် လမ်းပေါ်ရှိ ဇလုပ်ကြီးတံတား၊ တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ပဆင-ကညင်ငူ-ကြက်သွန်ခင်းလမ်းပေါ်ရှိ မမြဖောက်ချောင်းတံတားတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် မြန်အောင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်သော တံတားလုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)