ပဲခူး ဖေဖော်ဝါရီ ၂၄
စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံမျိုးစေ့အသင်းတို့ ပူးပေါင်းဆောင်ရွက်သည့် “စပါးမျိုးကောင်းမျိုးသန့်မျိုးစေ့ထုတ်လုပ်ခြင်းသင်တန်း အမှတ်စဉ် (၅/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးသန်းအောင်ဆန်းမှ အဖွင့်အမှာစကားပြောကြားပြီး မျိုးစေ့ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် မြန်မာနိုင်ငံမျိုးစေ့အသင်းဥက္ကဋ္ဌ ဦးဝင်းမော်တို့က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းအား မျိုးစေ့ဌာနခွဲ(ရုံးချုပ်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာယုမွန်၊ ဒေါက်တာလဲ့လဲ့နှင့် မြန်မာ့ဆန်စပါးသုတေသနဌာန(မှော်ဘီ)မှ ဦးစီးအရာရှိ ဒေါ်ဌေးဌေးမြင့်တို့မှ မျိုးစေ့ထုတ်နည်းပညာများအား ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ထိ ဆွေးနွေးပို့ချမည်ဖြစ်ပြီး သင်တန်းသို့ ပဲခူးမြို့၊ ဘုရားကြီးမြို့၊ ဒိုက်ဦးမြို့တို့မှ မျိုးစေ့ထုတ်တောင်သူများ၊ မျိုးစေ့ထုတ်ကုမ္ပဏီမှ ဝန်ထမ်းများ သင်တန်းသားစုစုပေါင်း(၃၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထက်အောင်လင်း(ပြန်/ဆက်)