မိုင်းဖြတ်မြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲ ကျင်းပ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်လုံးကျွတ် စုပေါင်းဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြည်ကြီးမဏ္ဍိုင်မြို့တွင် အ.လ.ကကျောင်း၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့  ပူးပေါင်း၍  ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို  ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က အခြေခံပညာအလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်) တွင် ကျင်းပပြုလုပ်ခဲ့သည်။                                                                         

မုံရွာမြို့၌ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မြေအသုံးချရေးဆိုင်ရာ နည်းပညာပေးသင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး မြေအသုံးချရေးဌာနခွဲမှ ဦးဆောင်ပြီး တိုင်းဒေသကြီးအတွင်း ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မြေအသုံးချရေးဆိုင်ရာ နည်းပညာပေးသင်တန်းကို ယနေ့နံနက် ၉ နာရီက မုံရွာမြို့ နန္ဒဝန်ရပ်ကွက်ရှိ တိုင်းဒေသကြီး မြေမျိုးပိုးဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကန့်ဘလူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစု ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းမိသားစုများစုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ဇူလိုင် ၈ ရက်နံနက် ၉ နာရီခွဲက ခရိုင်စုပေါင်းရုံး ရွှေဆည်မြိုင်ခန်းမ၌ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦးနှင့် ဝန်ထမ်းများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဟုမ္မလင်း၌ အမှိုက်များစနစ်တကျအမျိုးအစားခွဲခြားစွန့်ပစ်နည်း သရုပ်ပြပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်​ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက အမှိုက်များစွန့်ပစ်ရာတွင် စနစ်တကျ ခွဲခြားစွန့်ပစ်တတ်စေရန်ရည်ရွယ်၍အမှိုက်အမျိုးအစားခွဲခြားစွန််ပစ်နည်း သရုပ်ပြပွဲကို အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လှိုင်မြိုနယ်တွင် ရှေးဦးပြုစုခြင်း(‌အခြေခံ)ကြက်ခြေနီသင်တန်း ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း (အခြေခံ) ကြက်ခြေနီသင်တန်းကို အ.ထ.က(၄) အခြေခံပညာအထက်တန်းကျောင်းတွင် ယ‌မန်နေ့ နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် မိုးစပါးရေဆင်းပေါ်ဆန်း-၂ စပါးမျိုးစေ့ထုတ် စံပြစိုက်ခင်းစိုက်ပျိုးနေမှုအား ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဆိတ်ချေးကုန်းကျေးရွာတွင် မိုးစပါးရေဆင်းပေါ်ဆန်း-၂ စပါးမျိုးစေ့ထုတ်စံပြစိုက်ခင်းအား ယနေ့နံနက်(၈)နာရီက စိုက်ပျိုးခဲ့ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

လှည်းကူးမြို့နယ်၌ မိုးရာသီရေဘေးကာကွယ်ရေးပစ္စည်းများ စုဆောင်းခြင်း အသိပညာပေးဟောပြော

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော မြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ မိုးရာသီရေဘေးကာကွယ်ရေး ပစ္စည်းများ ကြိုတင်စုဆောင်းထားရှိခြင်းနှင့် ရေဘေးကာကွယ်ရေးလုပ်ငန်းစဥ်များ သိရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြရှင်းလင်းခြင်းကို ဇူလိုင် ၆ ရက်နေ့ နံနက်ပိုင်းက စာဘူးတောင်းကျေးရွာအုပ်စု၊ အင်ကြင်းကွင်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဥပဒေ ရှင်းလင်းခြင်းအခမ်းအနားကျင်းပ

သမ‌ဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဥပဒေ ချပြရှင်းလင်းခြင်းအခမ်းအနားကို တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့က ပြုလုပ်ခဲ့သည်။
Subscribe to