ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရွှေတောင် မတ် ၄

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ရာတွင် ရွှေတောင်မြို့နယ်၊ နွားမယံကျေးရွာအုပ်စု၊ ဖိုးသိန်းတန်ကျေးရွာတွင် ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ရေအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်ထောင်စုရန်ပုံငွေဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ရွှေတောင်ရေလမ်းကောင်းမွန်ရေးလုပ်ငန်း (၁၀၀) ရာခိုင်နှုန်း ဆောင်ရွက်ပြီး စီးမှုအခြေအနေများ၊ ကြာနီကန်ရပ်ကွက်၊ တည်ကုန်းလမ်းမွေးမြူရေးလုပ်ကိုင်သူ၏ ကာကီကင်းအမျိုးအစား ဘဲအကောင်ရေ (၄၀၀၀) ကောင် လွှတ်ကျောင်းစနစ်ဖြင့် မွေးမြူးထားရှိမှုအခြေအနေများ၊ နွားမယံကျေးရွာအုပ်စု၊ နွားမယံကျေးရွာရှိကုန်တင်ကုန်ချဆိပ်ကမ်းတွင် ရေလမ်းကြောင်းကောင်းမွန်ရေးနှင့် ဆိပ်ခံဘောတံတား ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ ဆက်)