တောင်တွင်းကြီး မတ် ၄
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ပန်းချီအနုပညာကိ စိတ်ကူးစိတ်သန်းကောင်းကောင်းဖြင့် ရေးဆွဲနိုင်စေရန်အတွက် နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ယမန်နေ့ နံနက် (၉)နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
အဆိုပါ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းတွင် ပန်းချီဆရာဦးသူရကျော်က ပန်းချီပညာတွင် အခြေခံကျသည့် မျဉ်းကြောင်းရေးဆွဲနည်း၊ အလင်းအမှောင်၊ ပန်းချီပညာအယူအဆနှင့် ပန်းချီပညာ၏ အခြေခံစည်းမျဉ်းစည်းကမ်းများကို ကျောင်းသား/ကျောင်းသူများ နားလည်သိရှိစေရန် မတ်လ (၃)ရက်နေ့မှ မတ်လ (၂၆)ရက်နေ့အထိ သင်ကြားပေးမည်ဖြစ်ကြောင်းနှင့် အဆိုပါသင်တန်းသို့ ကျောင်းသား/ကျောင်းသူစုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)