ကွန်ဟိန်းမြို့၌ ဆိုလာပြားအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

ကွန်ဟိန်း မတ် ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အမှတ် (၃) ရပ်ကွက်တွင် ဆိုလာပြား အပူလွန်ကဲရာမှ ယမန်နေ့မွန်းလွဲပိုင်းက နေအိမ် (၂) လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ်လ(၃)ရက်၊ မွန်းလွဲ ၁ နာရီ ၁၃ မိနစ်အချိန်ခန့်က ကွန်ဟိန်းမြို့၊ အမှတ် (၃) ရပ်ကွက်၊ မြို့ပတ်လမ်းရှိ သွပ်မိုး၊ ထရံကာ၊ မြေစိုက် (၁) ထပ် နေအိမ်ရှိ ဆိုလာပြားအပူလွန်ကဲပြီး ဆက်စပ်ဝါယာကြိုးမီးပွားများမှတစ်ဆင့် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဆိုပါမီးလောင်မှုကြောင့် သွပ်မိုး၊ ထရံကာ၊ မြေစိုက် (၁) ထပ် နေအိမ် (၁) လုံးသို့ ထပ်မံကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းသည့်နေရာသို့ ကွန်ဟိန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစီး၍ မီးသတ်တပ်ဖွဲ့ဝင်များ၊  ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ ပူးပေါင်းကာ မီးသတ်ယာဉ်(၂)စီးဖြင့် မီးငြိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်