ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

ကျောက်ဆည်  မတ် ၅

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်ဆည် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းပြီး မတ် ၅ ရက် မွန်းလွဲ(၁)နာရီက လူထုအခြေပြုဗဟိုဌာန၌ ကောင်းပြည့်သော်ရေးသားသည့် “ဘုရင်ဖြစ်မယ့်လက်ညှိုး” စာအုပ်စာဖတ်ဝိုင်း ကျင်းပသည်။

စာဖတ်ဝိုင်းတွင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား၊ ကျောင်းသူများအတွက် စာပေဖတ်ရှုလေ့လာရာတွင် ရရှိမည့်အကျိုးကျေးဇူးများ၊ ဗလငါးတန်ပြည့်စုံရေး သုတ၊ ရသစာအုပ်စာစောင်းများကို အားလပ်ချိန်တွင် ဖတ်ရှုစေလိုကြောင်းပြောကြားပြီး မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ ဦးကျော်သန်း (မောင်ခိုင်ကျော်-ကျောက်ဆည်)က ကောင်းပြည့်သော်ရေးသားသည့် “ဘုရင်ဖြစ်မယ့်လက်ညှိုး”စာအုပ်မှ အခွင့်အရေးနဲ့အချိန်အခါ၊ ကိုယ့်ကိုယ်ကိုယ်ခိုင်းပါ၊ ကြောက်နေရင်မအောင်မြင်ပါ၊ လူငယ်တွေ ကောင်းမွန်တဲ့အနာဂတ်ကိုတည်ဆောက်ပါ၊ ပညာနဲ့အသက်မွေးပါ၊ အရည်အချင်းက အဓိက၊ မိဘအပေါ်တာဝန်ကျေပါ၊ အပြန်အလှန်လေးစားတန်ဖိုးထားပါ၊ အဓိကနဲ့သာမညကို ရွေးချယ်ခြင်း၊ ပညာစုဘူးထားပါ၊ ကိုယ်အောင်မြင့်ဖို့ကိုယ့်တာဝန် စသည့်အကြောင်းအရာများ ဆွေးနွေးသည်။

စုစုအေး(ကျောက်ဆည်)