မဟာအောင်မြေမြို့နယ်၌ နွေရာသီအားကစားသင်တန်းများဖွင့်လှစ်

မဟာအောင်မြေ မတ် ၅

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေခရိုင် မဟာအောင်မြေမြို့နယ် မြို့နယ်အားကစားကွင်း၌ ကျောင်းသားကျောင်းသားကျောင်းသူများ၊ အားကစားဝါသနာရှင်များအနေဖြင့် ပညာရေးသာမက ကာယဉာဏစာရိတ္တ ဘက်စုံဖွင့်ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ နွေရာသီအားကစားသင်တန်းများကို မတ် ၃ရက်မှစတင်ဖွင့်လှစ်သည်။

အဆိုပါ နွေရာသီအားကစားသင်တန်းများကို မဟာအောင်မြေမြို့နယ် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးရှီးမွန်နှင့် အားကစားနည်းပြများက အနီကပ်ကြီးကြပ်၍ အားကစားနည်းများဖြစ်သည့် ဘောလုံး၊ ရိုးရာလက်ဝှေ့၊ Boxing ၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ ကရာတေးစသည့်  အားကစားနည်း ၆ မျိုးကို မတ် ၃ ရက်မှ ၃၀ ရက်အထိ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်သည်။ အဆိုပါ သင်တန်းများကိုကျောင်းသား၊သူများ၊ အားကစားဝါသနာရှင်များက အားလပ်ရက်အချိန်များကို အကျိုးရှိစွာအသုံးချ၍ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများဖြစ်လာစေရန် ရည်ရွယ်၍ နေ့စဉ် ညနေ ၄ နာရီမှ ၆ နာရီအထိ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်းသိရသည်။

အောင်ဇော်မင်း