ကော့ကရိတ်မြို့နယ်တွင် တနိုင်တပိုင်ဖူးစားပြောင်းများစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်း

ကော့ကရိတ် မတ် ၅

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ လှိုင်တန်းကျေးရွာတွင် နေထိုင်သူများသည် ကိုင်းမြေ၊ ဉယျာဉ်မြေတို့၌ တနိုင်တပိုင် ဖူးစားပြောင်းများစိုက်ပျိုးကြသဖြင့် မိသားစုစားဝတ်နေ‌ရေး အဆင်ပြေ၍ အပိုဝင်ငွေများ ရရှိကြောင်း သိရသည်။

ရာသီအလိုက်အောင်မြင်ဖြစ်ထွန်းသည့် သီးနှံမျိုးစုံကို စိုက်ပျိုးရေးအရောင်းဆိုင်များ၌ မျိုးစေ့ထုပ်များဝယ်ယူ စိုက်ပျိုးဆောင်ရွက်လျက်ရှိရာ သီးနှံများဈေးကောင်းရရှိရေးအတွက် အပင်အားဆေးများအချိန်မှန်ကျွေးရကြောင်း၊ အပင်များရှင်သန်ရေးအတွက် မြက်ပင်များ ပေါင်းသင်ရှင်းလင်းရကြောင်း၊ ပိုးမွှားအန္တရာယ်များ မကျရအောင် ဂရုစိုက်စောင့်ကြည့်ရကြောင်း၊ ဖူးစားပြောင်းဈေးကောင်းရရှိရေးအတွက် အဖူးကင်းများလက်ကြားလိုက်ရကြောင်း၊ အဖူးကင်းများအလေအလွင့်မဖြစ်ပဲ ဖေါက်သည်များက တစ်စည်း ၄၀၀ကျပ်နှုန်းဖြင့် လာရောက်ဝယ်ယူကြကြောင်း၊ တနိုင်တပိုင်ဖူးစားပြောင်းစိုက်ပျိုးခြင်းမှ မိသားစု စားဝတ်နေရေးလွယ်ကူ အဆင်ပြေကြောင်း ပြောင်းဖူးစိုက်တောင်သူထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)