ရေဖြူမြို့၌ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းဖွင့်လှစ်

ရေဖြူ မတ် ၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ရေဖြူမြို့တွင် နွေရာသီကျောင်းပိတ်ရက်ကာလ၌ ကျောင်းသားကျောင်းသူများအား ယဉ်ကျေးလိမ္မာသောလူငယ်များ ဖြစ်လာစေရေးအတွက် (ခ) ရပ်ကွက်၊ သန္တာလမ်းရှိ ဓမ္မမာမကကျောင်း၌ မတ် ၄ ရက် နံနက်ပိုင်းကစတင်ကာ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သင်တန်းကို ဓမ္မမာမကကျောင်း ဆရာတော်ဦးဆောင်၍ အသက်အရွယ်အလိုက် ဗုဒ္ဓစာပေကျမ်း ဂန်များလာ ယဉ်ကျေးမှုအဆုံးအမများ၊ ယဉ်ကျေးလိမ္မာစွာနေထိုင်ပြုမှု ပြောဆိုတတ်စေမည့် နည်းလမ်းများစသည့် ယဉ်ကျေးလိမ္မာ(ပထမအဆင့်)တို့ကို မတ်လ၃ရက်နေ့မှ ဧပြီ ၂ရက် အထိနေ့စဉ် နံနက် ၇ နာရီမှ ၉ နာရီအထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး အာဟာရအလှူရှင်များကလည်း နေ့စဉ်ကျွေးမွေးလှူဒါန်းလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)