ရန်ကင်း မတ် ၆
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် နွေရာသီကျောင်းပိတ်ရက် ကာတွန်းရေးဆွဲနည်း(အခမဲ့)သင်တန်းကို ယမန်နေ့နံနက် (၉:၃၀)မှ (၁၁:၀၀)အချိန်ထိ ဆက်လက်သင်ကြားပေးခဲ့သည်။
အဆိုပါသင်တန်းကို နွေရာသီကျောင်းပိတ်ရက် ကလေးသူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ သင်တန်းကာလကို မတ်လ ၃ ရက်နေ့မှ ၁၇ ရက်နေ့ထိ (၁၅)ရက်တိုင်တိုင် သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း၊ သင်တန်းစတင်ဖွင့်လှစ်သည့်နေ့မှစ၍ ယနေ့အထိ သင်တန်းသား၊ သင်တန်းသူ (၈၀)ဦးထိရှိပြီး ကလေးများ ပျော်ရွှင်စွာဖြင့် စိတ်ပါ၀င်စားစွာ ဆက်လက်သင်ယူခဲ့ကြကြောင်း သတင်းရရှိသည်။
ရဲလေး (ပြန်ဆက်)