ဘားအံ မတ် ၅
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကရင် ပြည်နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေ ကျပ် ၅၁၆၀ ဒသမ ၄၁၉ သန်းဖြင့် မြေလမ်း ၂ မိုင် ၆ ဖာလုံ၊ ကျောက်လမ်း ၂ မိုင်၊ ကွန်ကရစ်လမ်း ၁၀ မိုင် ၁ ဖာလုံ၊ ကတ္တရာထပ်ပိုးလွှာလမ်း ၁ မိုင် ၄ ဖာလုံ၊ Box Culvert ၅ စင်း၊ ဆိုလာစနစ်ဖြင့် စိုက်ပျိုး ရေရရှိရေးလုပ်ငန်း ၂ ခု၊ ရေစင်လုပ်ငန်း ၁ ခု၊ ရေကန်လုပ်ငန်း ၁ ခု၊ ကျောက်ကြီးစီလုပ်ငန်း ၁ ခု တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပါသည်။
အဆိုပါ လုပ်ငန်းများအနက် ခွင့်ပြုငွေကျပ် ၉၈၉ ဒသမ ၃၉၇ သန်းဖြင့် ဆောင်ရွက်သည့် ဘားအံမြို့နယ်၊ တောင်ဝိုင်း-တောင်ပတ်လမ်း ၂ မိုင်အနက် ၇၉၂၀ ပေ ကွန်ကရစ်ခင်းခြင်း လုပ်ငန်း၏ ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား မတ်လ ၃ ရက်နေ့တွင် ကရင် ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူး ဦးသန့်ဇင်မှ ကြည့်ရှုစစ်ဆေးခဲ့သည်။
ကွန်ကရစ်လမ်း ဆောင်ရွက်ပြီးစီးသွားသည့်အတွက် ဒေသဖွံ့ဖြိုးရေးအား အထောက်အကူပြုသည့်အပြင် ဘားအံမြို့၏ အထင်ကရအလှအပတွင်ပါဝင်သော တောင်ဝိုင်းတောင်၏ သဘာဝရှုခင်းများအား အလွယ်တကူလှည့်လည်ကြည့်ရှုနိုင်တော့မည်ဖြစ်သည့်အတွက် ကမ္ဘာလှည့်ခရီးသွားများအား ဆွဲဆောင်ရန် အထောက်အကူပြုစေမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)