လှိုင်မြို့နယ်တွင် ဈေးများမီးလောင်မှု၊ မီးလန့်မှုများမဖြစ်စေရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

လှိုင် မတ် ၆

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်အတွင်းရှိ ဈေးများမီးလောင်မှုနှင့် မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို မတ်လ (၄) ရက်နေ့ ညနေ (၅) နာရီအချိန်က လှိုင်ရတနာမွန်ဈေးနှင့် အုတ်ကျင်း‌ဈေးတို့တွင် ဆောင်ရွက်ခဲ့သည်။

ပွင့်လင်းရာသီကို ရောက်ရှိလာပြီဖြစ်၍ ဈေးများမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံမှုရှိစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးဟိန်းလင်းထက်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိဝန်ထမ်းများက လှိုင်ရတနာမွန်ဈေးနှင့် အုတ်ကျင်း‌ဈေးတို့တွင် ဈေးများအတွင်း မီးသုံးစွဲသည့်ဆိုင်ခန်းများ မီးစနစ်တကျ သုံးစွဲစေရေး၊ မီးသတ်ပစ္စည်း ကိရိယာများထားရှိမှု၊ လျှပ်စစ်ဝိုင်ယာကြိုးများ သွယ်တန်းထားရှိမှုနှင့် မီးငြိမ်းသတ်ရေး ပစ္စည်းကိရိယာများ အသင့်အသုံးပြုနိုင်ခြင်း ရှိ၊ မရှိတို့အား ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်း သိရသည်။

ဇော်ဇော်နိုင်(ပြန်/ဆက်)