စဉ့်ကိုင်မြို့နယ်၌ လေထုညစ်ညမ်းမှု လျှော့ချရေး အသိပညာပေး လှည့်လည်နှိုးဆော်

စဉ့်ကိုင် မတ် ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် စဉ့်ကိုင်မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း‌၍ မြို့နယ်အတွင်းရှိ ပြည်သူများ လေထုညစ်ညမ်းမှု အန္တရာယ်အကြောင်း ကျယ်ကျယ်ပြန့်ပြန် သိရှိစေရန် ယမန်နေ့ညနေ ၄ နာရီက မြို့မရပ်ကွက်၊ ရန်နိုင်ရပ်ကွက်နှင့် မြို့သစ်ရပ်ကွက်တို့၌ လေထုညစ်ညမ်းမှု လျှော့ချရေး အသိပညာပေးလှည့်လည်နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးသီဟကျော်နှင့် ဝန်ထမ်းများ၊ စဉ့်ကိုင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကြည်ဇော်ထိုက်နှင့်တပ်ဖွဲ့ဝင်များက ပြည်သူများအနေဖြင့် လေထုညစ်ညမ်းမှု လျှော့ချနိုင်ရေး သစ်ရွက်ခြောက်အမှိုက်များနှင့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများအား စည်းကမ်းမဲ့ မီးရှို့ခြင်းများ မပြုလုပ်ကြရန်နှင့် အမှိုက်များအား စနစ်တကျ ခွဲခြားစွန့်ပစ်နိုင်ရေးအတွက် အမှိုက်အမျိုးအစား ခွဲခြားနည်းလမ်းများအကြောင်းကို အသံချဲ့စက်ဖြင့် လှည့်လည် တိုက်တွန်းနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)