မြစ်သားမြို့နယ်‌ ကူမဲမြို့၌ စက်သုံးဆီဆိုင်များ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှုရှိစေရေးနှင့် စက်သုံးဆီပြတ်လပ်မှု မရှိစေရေး စစ်ဆေးကြပ်မတ်

မြစ်သား  မတ် ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကူမဲမြို့အတွင်း ဖွင့်လှစ်ရောင်းချနေသည့် စက်သုံးဆီအရောင်းဆိုင်များ စက်သုံးဆီပြတ်လပ်မှုမဖြစ်စေရေး၊ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေးနှင့် စက်သုံးဆီခြိုးခြံချွေတာသုံးစွဲနိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာ၌  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး မြစ်သားမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး မှ ရဲမှူးဌေးဝင်း၊ ကူမဲမြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဇော်၊ ကူမဲနယ်မြေစခန်းမှ စခန်းမှူး မင်းမင်းဆွေ၊ ကူမဲမြို့ စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူး  ဦးအေးမင်းထိုက်နှင့်အဖွဲ့ဝင်များက ကူမဲမြို့အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စက်သုံးဆီအရောင်းဆိုင်များအား သွားရောက်ပြီး  ဒေသခံ ပြည်သူများ စက်သုံးဆီအဆင်ပြေစွာဝယ်ယူနိုင်ရေးအတွက် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ စက်သုံးဆီများ သတ်မှတ်ဈေးနှုန်းထက် မြှင့်တင်ရောင်းချခြင်းမပြုပဲ အခြင်အတွယ်မှန်ကန်စွာ ရောင်းချနိုင်ရေးနှင့် ခြိုးခြံချွေတာသုံးစွဲနိုင်ရေးတို့ကိုဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

ရဲနိုင်ဦး(မြစ်သား)