သာစည် မတ် ၆
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာမတ် ၅ ရက်နံနက်က သာစည်ပင်မဓာတ်အားခွဲရုံ၌ အသိပညာပေးဟောပြောခြင်း၊ လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဦးစွာ မြို့နယ်မီးသတ်ဦးစီမှူးဦးထွန်းထွန်းဝင်းနှင့် သန္ဓေတပ်ဖွဲ့ဝင်များက ခွဲရုံမှူး ဦးညီညီလွင်နှင့် ဝန်ထမ်းများအား မီးလောင်မှုဖြစ်ပွားသည့်အကြောင်းရင်းများ၊ မီးလောင်မှုဖြစ်ပွားပါက ဆောင်ရွက်ရမည့်အချက်များ၊ မီးငြှိမ်းသတ်ရာတွင်ဆောင်ရွက်သင့်သည်များ၊ မီးသတ်ဆေးဘူးအသုံးပြုပုံများနှင့် 191 Report Application အသုံးပြုခြင်းများကို အသိပညာပေးဟောပြောသည်။ ထို့နောက် မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်ခြင်းနှင့် ရေစိုအဝတ်ဖုံးအုပ်ပြီး မီးငြှိမ်းသတ်ခြင်းများပြသပေးပြီး ဝန်ထမ်းများအား လက်တွေ့ဆောင်ရွက်စေခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)