ညောင်ဦး မတ် ၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီများဖွဲ့စည်းထားမှု ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး သော်ထိုက်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အေးမင်းစိုးတို့က တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသားကျောင်းသူများ လုံခြုံစိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိိမှုတို့အားဆွေးနွေးတင်ပြသည်။ ထို့နောက် ခရိုင်ပညာရေးမှူး ဦးကျော်ဝင်းက ခရိုင်အတွင်းဖြေဆိုမည့်ကျောင်းသား၊ကျောင်းသူများ စာရင်း၊ ဖြေဆိုမည့်စာစစ်ဌာနများ စီစဉ်ဆောင်ရွက်ထားရှိမှုတို့အား ရှင်းလင်းတင်ပြသည်။ ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များအပေါ်သက်ဆိုင်ရာ ဌာနဆိုင်ရာများဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဒီပါလင်း