ကျောက်ဆည်မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းစာစစ်ဌာနများ၌ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ကျောက်ဆည် မတ် ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက တက္ကသိုလ်ဝင် စာစစ်ဌာများ၌ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် စာစစ်ဌာနအသီးသီး၌ မီးလှန့်မှု၊ မီးလောင်မှုများ မဖြစ်ပေါ်စေရေး မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဦး ဦးဆောင်၍ တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်း၊ မီးဘေးလုံခြုံရေးအတွက် လျှပ်စစ်မီးကြိုးများ၊ လျှပ်စစ်မီး ခလုပ်များ ကောင်းမွန်ခြင်း ရှိ/မရှိ၊ မီးငြှိမ်းသတ်ရန်အတွက် ရေရရှိမှုနှင့် မီးသတ်ဆေးဘူးများ စသည့် ကြိုတင်ကာကွယ်ရေးပစ္စည်းများအား စစ်ဆေးခဲ့ပြီး 191 application အသုံးပြုပုံများအား ရှင်းလင်းပြသခဲ့ပြီး လိုအပ်မှုများ မရှိစေရေး ပူးပေါင်းဆောင်ရွက်စေရေး ပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။

 သက်မောင်(ကျောက်ဆည်)