အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့မီးရထားလမ်းဘေးဝဲ/ယာတစ်လျှောက်ရှိ ဒေသခံပြည်သူများအား မီးရထား လမ်းနှင့် မီးရထားလုံခြုံရေးနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ နည်းဥပဒေများအား အသိပညာပေးကွင်းဆင်းဆောင်ရွက်

အုတ်တွင်း မတ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ၏ဦးဆောင်မှုဖြင့် ကျွဲပွဲမြို့ရှိ မီးရထားဘူတာအတွင်း၌ ရထားလမ်းဘေးဝဲ/ယာတစ်လျှောက်ရှိ ဒေသခံပြည်သူများအား မီးရထားလမ်းနှင့်မီးရထားလုံခြုံရေးနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များ၊ နည်းဥပဒေများ အသိပညာပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့အသိပညာပေးကွင်းဆင်းရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် (၁) ဗိုလ်မှူးမြင့်ဇော်က အဖွင့်စကားပြောကြားခြင်း မီးရထားနှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်အချက်များ လိုက်နာရမည့်အချက်များ ချပြရှင်းလင်းခဲ့ပြီး၊ မြို့နယ်ရဲတပ်မှူး ရဲမှူးအောင်လင်းခိုင်က မီးရထားလမ်းလုံခြုံရေးဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ဥပဒေရုံးမှ ဦးစီးအရာရှိ ဦးဇော်မိုးဌေးက နည်းဥပဒေများနှင့် ပြစ်မှု၊ပြစ်ဒဏ်များအ‌‌ကြောင်းအားလည်းကောင်း၊ ကျွဲပွဲမြို့အုပ်ချုပ်ရေးမှူး ဦးအေးဟံကမီးရထားများ မြန်နှုန်းမြင့်ပြေးဆွဲနေသည့် အခြေအနေများ၊ မီးရထားလမ်းဘေးဝဲ/ယာတစ်လျှောက်နေထိုင်သည့် ပြည်သူများနှင့် အိမ်မွေးတိရစ္ဆာန်များ အန္တရာယ်ကင်းရှင်းစေရေး၊ သတ်မှတ်ထားသည့် လမ်းကူးများမှ စနစ်တကျသွားလာစေရေးတို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါမီးရထားလမ်းနှင့် မီးရထားလုံခြုံရေးနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် နည်းဥပဒေများအား အသိပညာပေးရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ဥပဒေအရာရှိ၊ မြန်မာ့မီးရထား ရုံပိုင်ကြီး၊ ကျွဲပွဲမြို့အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူ စုစုပေါင်းအင်အား (၁၃၀) ဦးခန့် တက်ရောက်ခဲ့ပြီး၊ အသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း ကျွဲပွဲမြို့အုပ်ချုပ်ရေးမှူး ဦးအေးဟံထံမှ သိရသည်။

ခင်ခင်မာ