ကြံခင်း မတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်ရှိ ရွှေပန်းမြိုင်ဝေ ကိုယ်အားကိုယ်ကိုး မူကြိုကျောင်းတွင် မတ် ၄ ရက်နေ့နံနက်ပိုင်းက မြို့နယ်မိခင်နှင့်ကလေးစောက်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးစိုးတင့်နှင့် အဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအား ကာယဉာဏပြိုင်ပွဲများနှင့် အဟာရဒါနကျွေးမွေး လှူဒါန်းကြသည်။
ဦးစွာ မြို့နယ်မိခင်နှင့်ကလေးစောက်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးစိုးတင့်နှင့် အဖွဲ့ဝင်များက ရွှေပန်းမြိုင်ဝေ ကိုယ်အားကိုယ်ကိုးမူကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၏ ကဗျာ၊ ပုံပြောပြိုင်ပွဲများနှင့် အာလူးကောက်ပြိုင်ပွဲ၊ အာလူးဇွန်းကိုတ် ပြိုင်ပွဲများအား ကျင်းပပေးခဲ့ပြီး၊ မူကြိုကလေးအား အဟာရစုံလင်စွာဖြင့် စားသုံးနိုင်စေရန် ထမင်း၊ ကြက်သား၊ သီးစုံချဉ်ဟင်းတို့ဖြင့် ကျောင်းသား၊ ကျောင်းသူ ၃၆ ဦးအား ကျွေးမွေးနေမှုအား ကြည့်ရှုအားပေးကြသည်။
အဆိုပါ အဟာရဒါနလှူဒါန်းကျွေးမွေးရာတွင် မြို့နယ်မိခင်နှင့်ကလေးစောက်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးစိုးတင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဉ္ဇာဝင်း၊ မူကြိုကျောင်းအကျိုးတော်ဆောင်အဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)