မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မုဒုံမြို့နယ်ရှိ Puma Power International Port Terminal ဆိပ်ကမ်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး

မော်လမြိုင် မတ် ၆

မွန်ပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်မှု မဖြစ်ပေါ်စေရေးနှင့် အများပြည်သူများစိုးရိမ်ကြောင့်ကြမှု မဖြစ်ပေါ်စေရေးတို့အတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မတ် ၅ ရက်နေ့ နံနက်ပိုင်းက မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာရှိ Puma Power International Port Terminal ဆိပ်ကမ်းသို့သွားရောက်ပြီး ပြည်နယ်အတွင်း လစဉ်အသုံးပြုရန် လိုအပ်သောစက်သုံးဆီများအား ပြည်ပ(ပင်လယ်ရေကြောင်း)မှ တင်သွင်းဖြန့်ဖြူးနေမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အဆိုပါဆိပ်ကမ်းအတွင်း အသုံးပြုရန် လိုအပ်သော စက်သုံးဆီများအား ပြည်ပ(ပင်လယ်ရေကြောင်း)မှ ဆီတင်သင်္ဘောကြီးများမှ စက်သုံးဆီလှောင်ကန်များသို့ ဆီဖြည့်သွင်းနေမှုအခြေအနေအား လည်းကောင်း၊ စက်သုံးဆီများအား စက်သုံဆီ အရောင်းဆိုင်များသို့ သယ်ဆောင် ပေးပို့ဖြန့်ဖြူးနိုင်ရေး ဆိပ်ကမ်းရှိ ဆီလှောင်ကန်များမှတဆင့် ဆီသယ်မော်တော်ယာဉ်များသို့ စက်သုံးဆီများ တင်ယူပို့ဆောင်နေမှု အခြေအနေအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကာ အများပြည်သူများ လိုအပ်သည့် စက်သုံးဆီများ စဉ်ဆက်မပြတ်ရရှိစေရေးနှင့် စက်သုံးဆီများအား စက်သုံးဆီဆိုင်များသို့  အဆင်ပြေချောမွေ့စွာနှင့် မြန်ဆန်စွာရောက်ရှိစေရေး အထူအလေးထား ဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အဆိုပါဆိပ်ကမ်းရှိ ရှင်းလင်းဆောင်၌ မွန်ပြည်နယ် စက်သုံဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချနေသည့် စက်သုံဆီ လုပ်ငန်းများ၏ တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် အဆိုပါ ဆိပ်ကမ်းတာဝန်ခံ ဦးညီညီထွေးက မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် စက်သုံးဆီများအား ပြည်ပ (ပင်လယ်ရေကြောင်း)မှ တင်သွင်းဖြန့်ဖြူးနေမှု ဆောင်ရွက်ထားရှိမှု အခြေအနေတို့အား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း လိုအပ်​သော စက်သုံးဆီများအား အမြဲမပြတ်ဝယ်ယူနိုင်ရေး ကြပ်မတ်ဆောင်ရွက်ရမှာဖြစ်ပြီး စက်သုံးဆီအရောင်းဆိုင်များမှလည်း သတ်မှတ်ချက်များနှင့်အညီ စနစ်တကျရောင်းချပေးရန်၊ စက်သုံဆီများအား မြေပြင်တွင် မှန်မှန်ကန်ကန် ရောင်းချနေမှု ရှိ/ မရှိ၊ တရားမဝင် စက်သုံးဆီများရောင်းချမှုမရှိစေရေးအတွက် တာဝန်ရှိသူများက ဝိုင်းဝန်းထိန်းသိမ်းကာ  ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး အလေးထား ကြပ်မတ်ဆောင်ရွက်ကြရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဘာသာ၊ သာသနာနှင့်လူမှုရေးလုပ်ငန်းအပါအဝင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သည့် စက်သုံးဆီကဏ္ဍကို ဦးစားပေးအနေဖြင့်လည်း ဆောင်ရွက်ပေးကြရန်နှင့် စက်သုံးဆီများကို နိုင်ငံတော်မှ သတ်မှတ်ဈေနှုန်းများ အတိုင်းရောင်းကြရန် လမ်ညွှန်အမှာစကား ပြောကြားခဲ့ပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူကြီးကျော်စွာမြင့်က ပြည်နယ်အတွင်း စက်သုံဆီ တင်သွင်းဖြန့်ဖြူးရောင်းချနိုင်နေမှု အခြေအနေအား ရှင်းလင်းပြောကြားခဲ့ကာ စက်သုံဆီ လုပ်ငန်းများ၏ တာဝန်ရှိသူများက လုပ်ငန်းလိုအပ်ချက်များကို တင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များကို  ပေါင်းစပ်ညှိနှိုင်းဖြည်းဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)