ဇလွန် မတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၌ ၂၀၂၆ ခုနှစ် မတ်လ (၁၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် “ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချစားသုံးသူဘဝ” မြေစိုက်ပိုစတာစိုက်ထူပွဲကို ယနေ့နံနက် ၈ နာရီတွင် ဇလွန် မြို့မစျေးသစ်ရှေ့တွင် စိုက်ထူခဲ့သည်။
ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချ စားသုံးသူဘဝမြေစိုက်ပိုစတာအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်း ထွန်းလင်းနှင့်တာဝန်ရှိသူများက အမွှေးနံ့သာရေများ ပက်ဖြန်း၍ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ယင်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှထုတ်ဝေသည့် ကုန်အညွှန်း အမှတ် အသားပြည့်စုံမှ စိတ်ချယုံကြည်စားသုံးကြ လက်ကမ်းစာစောင်နှင့် စားသုံးသူဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို မြို့မစျေးသစ်အတွင်းရှိ စျေးရောင်း၊ စျေးဝယ်ပြည်သူများအား ဖြန့်ဝေပေးခဲ့သည်။
ဝေယံ - ဇလွန်