ဘိုကလေး မတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ မြို့မဈေးကြီးအား မီးဘေးလုံခြုံရေးအတွက် ယမန်နေ့မတ်လ (၅) ရက် ည(၈)နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းတာဝန်ရှိသူများပူးပေါင်း၍ မီးဘေးလုံခြုံရေးအတွက် စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
မီးဘေးလုံခြုံရေး စစ်ဆေးရာတွင် လျှပ်စစ်မီးသွယ်တန်းသုံးစွဲထားရှိမှု အခြေအနေများ၊ လောင်စာမီးသုံးစွဲမှုများမီးကြွင်းမီးကျန်များ ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါပူးပေါင်းအဖွဲ့များအနေဖြင့် မြို့နယ်တွင်း နေရာစုံ၌ မီးဘေးလုံခြုံရေးလုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ် စစ်ဆေးခြင်း၊ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)