ကျွန်းလှ မတ် ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးကြောင်း သိရသည်။
ကျွန်းလှမြို့နယ် ဆရာဝန်ကြီးဦးဆောင်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တာဝန်ရှိသူများက သက်ကြီးဘိုးဘွားများကို အပတ်စဉ်သောကြောနေ့တိုင်း သွေးပေါင်ချိန်ခြင်း၊ ဆီးချိုစစ်ဆေးပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့အပြင်အသက်နှစ်နှစ်အောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ် ဆေးများထိုးနှံခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ