တာမွေမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အင်္ဂလိပ်သဒ္ဒါနှင့် စကားပြော (အတတ်သင်)သင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိ

တာမွေ မတ် ၆

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏စီစဉ်မှုဖြင့် မြို့နယ်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့တို့ပူးပေါင်း၍ လူငယ်များဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အင်္ဂလိပ်သဒ္ဒါနှင့် စကားပြော(အတတ်သင်) သင်တန်းဖွင့်ပွဲအခမ်းအနားကို မတ်လ (၄) ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အင်္ဂလိပ်သဒ္ဒါနှင့်စကားပြော(အတတ်သင်)သင်တန်းကို သင်တန်းသား၊ သင်တန်းသူ အသက်အပိုင်းအခြားအလိုက်ခွဲ၍ သင်တန်းချိန်(၂)ချိန်ဖြင့် သင်ကြားပေးလျက်ရှိပါသည်။ သင်တန်းကို  ၂၀၂၆ ခုနှစ် မတ်လ (၂)ရက်နေ့မှ မတ်လ(၃၁)ရက်နေ့အထိ (၁)လကြာ အခမဲ့ဖွင့်လှစ်သင်ကြား‌ပေးလျက်ရှိပြီး တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက် အားလပ်သည့်အချိန်များတွင် ဘာသာစကားသင်တန်းများ တက်ရောက်ခြင်းဖြင့် မိမိတို့ဘဝအတွက် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်မည်ဖြစ်ကြောင်း၊ ရပ်ကွက်နေ လူငယ်လူရွယ်များအနေဖြင့်လည်း ယခုလိုဘာသာစကားသင်တန်းများ တက်‌ရောက်ခြင်းဖြင့် မိမိတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းများတွင် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ သင်တန်းသား၊ သင်တန်းသူ (၁၁၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

မို့မို့အောင် (ပြန်/ဆက်)