တမူး မတ် ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ မြို့မ(၁၂/က)ရပ်ကွက်၌ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့က မီးလောင်ကျွမ်းမှုကြောင့် မီးဘေးသင့်ခဲ့သည့် ပြည်သူအား ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်ပွဲကို မတ် ၄ ရက် နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးမှူးဦးသက်ဖြိုးကျော်က ထောက်ပံ့ငွေ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မီးဘေးသင့်ပြည်သူအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ အိမ်နှင့်ဆန်ရိက္ခာ၊ မီးသင့်ဒဏ်ရာရ ဆေးကုသမှုအတွက် စုစုပေါင်း ၁၅၅၀၀၀ ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးအား ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မီးဘေးသင့်ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရတနာ