ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက မိုင်းရယ်မြို့နယ်တွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ဓါတ်မြေဩဇာများ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ဓါတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲနှင့် ဓါတ်မြေဩဇာစုပေါင်းကြဲပက် ကွင်းသရုပ်ပြပွဲကို ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီဌာနမှ တာဝန်ရှိသူများနှင့် မိုင်းရယ်မြို့နယ် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် ကျေးရွာများရှိ စိုက်ပျိုးရေးမြေပြင်များအရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အုတ်ဖိုမြို့၌ အာဟာရဖွံဖြိုးရေးနှင့် ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှုဖွင့်ပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ အာဟာရဖွံဖြိုးရေးနှင့် ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှုဖွင့်ပွဲအခမ်းအနားကို အ.ထ.က အုတ်ဖို ဧရာခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာန ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများ၏ အထူးကုသရေးအစီအစဉ်ဖြင့် မကွေးမြို့ ပြည်သူဆေးရုံကြီးတွင် ဒေသခံပြည်သူများအား ဆေးကုသပေး‌နေမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် ကြည့်ရှုအားပေး

ကျန်းမာရေးဝန်ကြီးဌာန ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများ၏ အထူးကုသရေး အစီအစဉ်ဖြင့် မကွေးမြို့ခုတင်(၅၀၀)ဆံ့ ပြည်သူဆေးရုံကြီးတွင် ဒေသခံပြည်သူများအား ဆေးကုသပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို၊ တိုင်းဒေသကြီးကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းလွင်၊ မကွေးပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းနီလာလှတို့မှ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်တွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ဇီးကုန်းမြို့နယ်တွင် မြို့နယ်အဆင့်ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ကဗျာ၊ စာစီစာကုံး၊ ပန်းချီနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ၌ ဆုရရှိသူများအား ချီးမြှင့်ခြင်းအခမ်းအနား ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပခဲ့သော ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ကဗျာ၊ စာစီစာကုံး၊ ပန်းချီနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ၌ ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ဇီးကုန်း) ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြေခြားကျေးရွာအုပ်စု၊ ကျောက်ဆောင်ကျေးရွာအနီး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သံတွဲမြို့၌ စစ်ကြောင်း(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သည့် စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့သည် ယနေ့မွန်းလွဲ ၁၁ နာရီမှ စတင်၍ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တောရပ်ကွက်ရှိ ပုလဲရတနာဘုန်းတော်ကြီးစာသင်ကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကြံခင်းမြို့နယ် (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဩဂုတ်လ ၁၂ ရက်နေ့မွန်းလွဲပိုင်းက စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့နှင့် Youth Club အဖွဲ့ဝင်များပူးပေါင်းပြီး စာရေးဆရာမောင်ခင်မင် (ဓနုဖြူ)ရေးသားသော "အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ"စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ကြသည်။

မအူပင်မြို့တွင် အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မီးသွေးချောင်းကျေးရွာအုပ်စု၊ လယ်ကိုင်းကျေးရွာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မအူပင်ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေး ဆောင်ရွက်မည့် စီမံကိန်းအတွက် အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက လယ်ကိုင်း‌ဘုန်းတော်ကြီးကျောင်း တန်ဆောင်းတော်ကြီးအတွင်း ကျင်းပပြုလုပ်သည်။

ဗဟန်း လူထုအခြပြုဗဟိုဌာန (Community Centre)ခန်းမ၌ ရသစာပေဖန်တီးရေးဖွဲ့ခြင်းသင်တန်း (၂ /၂၀၂၃)သင်တန်းဆင်းပွဲ ကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်ကောင်းမွန်ပြီး ရသစာပေနှင့် နီးစပ်မှုရှိစေရန်နှင့် စာဖတ်ဝါသနာပါသည့် ဝန်ထမ်းများဖြစ်လာစေရေး ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်၍ ရသစာပေဖန်တီးရေးဖွဲ့ခြင်းသင်တန်း (၂/၂၀၂၃)ကို ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း) (Community Centre)ခန်းမ၌ ယမန်နေ့ နံနက် ၁၁ နာရီတွင် သင်တန်းဆင်းပွဲ ကျင်းပသည်။
Subscribe to