ပင်းတယ ဩဂုတ် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြေခြားကျေးရွာအုပ်စု၊ ကျောက်ဆောင်ကျေးရွာအနီး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်က အဖွင့် အမှာစကားပြောကြားပြီး စိုက်ပျိုးမည့် ပျိုးပင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခန့်မင်းမော်နှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြရာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာမင်းဇော်နှင့် တာဝန်ရှိသူများက လက်ခံရယူ ခဲ့ကြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မြေခြားကျေးရွာအတွင်းရှိ ဒေသခံပြည်သူများက ထင်းရှူး (၁၀၀)ပင်၊ ခါတော်မှီ (၅၀)ပင်၊ ယင်းမာ (၂၅၇)ပင်၊ ပနားမားငုဝါ (၁၀၀)ပင် စုစုပေါင်း (၅၀၇)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)