မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ၂၀၂၃ ခုနှစ် မိုးစပါး ရာသီ ကောက်စိုက်စွမ်းရည်ပြိုင်ပွဲ ကျင်းပ
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်လမ်းညွှန်မှုဖြင့် စိုက်ပျိုးရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ၂၀၂၃ခုနှစ် မိုးစပါးရာသီ ကောက်စိုက်စွမ်းရည် ပြိုင်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈နာရီက ပုသိမ်ကြီးမြို့နယ်၊ နန္ဒာတောင်ကျေးရွာ၊ ကွင်းအမှတ်(၄၅၀)၊ တောင်သူ ဦးတင်လှ၏ စပါးစိုက်ခင်း၌ ကျင်းပခဲ့သည်။