ဗဟန်း လူထုအခြပြုဗဟိုဌာန (Community Centre)ခန်းမ၌ ရသစာပေဖန်တီးရေးဖွဲ့ခြင်းသင်တန်း (၂ /၂၀၂၃)သင်တန်းဆင်းပွဲ ကျင်းပ

 ရန်ကုန် သြဂုတ် ၁၄

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်ကောင်းမွန်ပြီး ရသစာပေနှင့် နီးစပ်မှုရှိစေရန်နှင့် စာဖတ်ဝါသနာပါသည့် ဝန်ထမ်းများဖြစ်လာစေရေး ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်၍ ရသစာပေဖန်တီးရေးဖွဲ့ခြင်းသင်တန်း (/၂၀၂၃)ကို ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း) (Community Centre)ခန်းမ၌ ယမန်နေ့ နံနက် ၁၁ နာရီတွင် သင်တန်းဆင်းပွဲ ကျင်းပသည်။

အဆိုပါသင်တန်းသို့ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြား‌ရေးမှူး၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူး၊ သင်တန်းဆရာနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးဆန်းဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ယခုဖွင့်လှစ်ခဲ့သော ရသစာပေဖန်တီးရေးဖွဲ့ခြင်းသင်တန်း (/၂၀၂၃)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအား ရသစာပေဆည်းပူးလေ့လာခြင်း နည်းပညာကျွမ်းကျင်မှုအရည်အသွေးမြင့်မားလာစေရန်အတွက် သင်ကြားပို့ချပေးသည့် သင်တန်းဖြစ်ပါကြောင်း၊ ရသစာပေဖန်တီးရေးဖွဲ့ခြင်း သဘောတရားများ နားလည်တတ်ကျွမ်းပြီး လုပ်ငန်းခွင်တွင် ပြန်လည်အသုံးပြုဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့လွယ်ကူစေမည်ဖြစ်ပါကြောင်း၊ သင်တန်းပြီးဆုံးသည့်နောက်ပိုင်းတွင်လည်း ဆက်လက်ဆည်းပူးလေ့ကျင့်သွားကြစေလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ သင်တန်းတွင် ဆောင်းပါးရေးသားနိုင်မှု အကောင်းဆုံးဆုနှင့် ဝတ္ထုရေးသားနိုင်မှုအကောင်းဆုံးဆုရရှိသူများကို တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းပို့ချသည့် သင်တန်းနည်းပြဆရာ အမျိုးသားစာပေဆုရှင် စာရေးဆရာမောင်ခြိမ့်ကို ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးဆန်းဝင်းက ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခဲ့သည်။

ယင်းနောက် စာပေထုတ်ဝေသူနှင့် စာရေးဆရာများကသင်တန်းသားများအား စာအုပ်များ လှူဒါန်းခဲ့ကြသည်။

အဆိုပါ ရသစာပေဖန်တီးရေးဖွဲ့သင်တန်း (/၂၀၂၃)ကို အပတ်စဥ်၊ စနေနှင့် တနင်္ဂနွေနေ့များတွင် နံနက် ၁၀ နာရီမှ နေ့လယ် ၁၂ နာရီအထိ ရုံးတက်ချိန် မထိခိုက်စေဘဲ ဖွင့်လှစ်သင်ကြားပေးပြီး သင်တန်းသို့ ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာထမ်း၊ အမှုထမ်း၊ (၂၀)ဦး တက်ရောက်သင်ကြားပြီးသင်တန်းကာလမှာ ဇူလိုင် ၂၂ ရက်နေ့မှ သြဂုတ် ၁၃ ရက်နေ့အထိစာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)