မင်းတုန်းမြို့တွင် Biometric အချက်အလက် ကောက်ယူမှု (၃၇၀၈)ဦးပြီးစီး
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနက ဦးတည်အုပ်စု (၆)အုပ်စုအတွင်းရှိ ဝန်ထမ်းများ၏ Biometric အချက်အလက်များအား ဇွန်လ ၂၂ ရက်နေ့မှစ၍ ကောက်ယူခဲ့ပြီး ဝန်ထမ်းမိသားစုဝင်များနှင့် ကျောင်းသား/ကျောင်းသူများအား ဆက်လက် စာရင်းကောက်ယူခဲ့ရာ ဩဂုတ်လ ၁၀ ရက်နေ့အထိ ကျား(၁၆၈၀)ဦး၊ မ(၂၀၂၈)ဦး စုစုပေါင်း (၃၇၀၈)ဦး စာရင်းကောက်ယူပြီးစီးပြီဖြစ်သည်။