မိုးမိတ်မြို့နယ် မီးဘေးလုံခြုံရေးအသိပညာပေးဟောပြော

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် ခရိုင်နှင့်နှင့်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်၊

လက်ပံတန်း၌ မြို့နယ်အဆင့်ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပခဲ့သော ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ကဗျာ၊ စာစီစာကုံး၊ ပန်းချီနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ၌ ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပညာရေးမှူးရုံး ခန်းမဆောင်၌ ကျင်းပခဲ့သည်။

ချောင်းဆုံမြို့နယ်တွင် ကျောင်းသား/သူများအား ဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းရှိ လူငယ်လူရွယ်များနှင့် ကျောင်းသား/သူများ ဥပဒေဆိုင်ရာနှင့်ပတ်သက်ပြီး အသိပညာဗဟုသုတ ရရှိစေရန်အတွက်ရည်ရွယ်ပြီး မြို့နယ်ဥပဒေရုံး ဥပဒေအရာရှိနှင့် ဝန်ထမ်းများမှ ဩဂုတ်လ ၁၄ ရက်နေ့ က ကမာမို(အထက-ခွဲ) ကျောင်းနှင့် ကလွီ (အ.ထ.က) ကျောင်းတို့တွင် အသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက် ခဲ့ကြသည်။

တာလေမြို့၌ ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် သံချဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ နံနက် ၉ နာရီခွဲက ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးအသိရှိစေရန်နှင့် ကြိုတင်ကာကွယ်တတ်စေရန် ရည်ရွယ်ကာ မြို့ကျန်းမာရေးဉီးစီးဌာနမှ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကွန်ဟိန်းမြို့၌ လူငယ် ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန ၊ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအား ယနေ့နံနက် (၉:၃၀) နာရီ အချိန်ခန့်က အဆိုပါသင်တန်းကျောင်း ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း Gasifier ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ပူးပေါင်းပါဝင် ဆောင်ရွက်ပေး

မြန်မာနိုင်ငံတွင် ဧရာဝတီတိုင်းဒေသကြီးသည် စပါးအများဆုံးစိုက်ပျိုးသည့် တိုင်းဒေသကြီးဖြစ်ပြီး မိုးစပါးနှင့်နွေစပါး စိုက်ဧကစုစုပေါင်း (၅၂၀၁၇၈၀) စိုက်ပျိုးရာမှ ထွက်ရှိလာသောစပါးတင်းပေါင်း (၄၁၆၁၉၀၂၄၆)တင်းကြိတ်ခွဲရာ စပါးခွံတန်ချိန် (၁၈၈၇၈၂၆.၅၇) တန်ထွက်ရှိရာ ယခင်ကမြစ်ချောင်းအင်းအိုင်များတွင် စည်းကမ်းမဲ့စွန့်ပစ်မှုများကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးထိခိုက်မှုမှ ကာကွယ်ရန် ယခုအခါစပါးခွံကိုအသုံးပြု၍ စပါးခွံလောင်စာတောင့်စက်ရုံ(၅၀)ရုံ၊ စပါးခွံဓါတ်ငွေ့သုံး (Gasifier) ဖြင့် လည်ပတ်နေသော ဆန်စက်(၅၄၃)ရုံ၊ စပါးခွံဘွိုင်လာမှ ရေနွေးငွေ့တာဘိုင်သုံး လျှပ်စစ်ထုတ်စက်ရုံ (၄) ရုံ၊ ရောင်နီ အရက်ချက်စက်ရုံ (မြန်အောင်) (၁)ရုံ၊ စပါးခွံအသုံးပြု၍ ဘွိုင်လာနှင့်လည်ပတ်နေသော ဆန်စက်၊ အစာတောင့်စက်ရုံ၊ အထည်ချုပ်စက်ရုံ၊ အရက်ချက်စက်ရုံ၊ ငါးပေါင်းအမှုန့်ကြိတ်စက်အပါအဝင် စုစုပေါင်းဘွိုင်လာ (၂၃၉) ရုံ အသုံးပြုလည်ပတ်နေပြီဖြစ်၍ ဝင်ငွေအကျိုးအမြတ်ရရှိလျက် လူမှုစီးပွားဘဝ အထောက်အကူပြုရုံ သာမက နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျိုက်မရော မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကလေးအလုပ်သမားပပျောက် ရေးဆိုင်ရာ အသိပညာပေးဟောပြော

မွန်ပြည်နယ် ကျိုက်မရောမြိုနယ် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများ စာဖတ်ရှိန်မြင့်မားစေရန်နှင့် အသိပညာ ဗဟုသုတတိုးပွားစေရေးအတွက် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းနှင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉နာရီက အ.မ.က ဘိန်းဗျော ကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

ညောင်လေးပင်မြို့တွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် (၉) နာရီအချိန်က ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအခမ်းအနားကို မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်းကာ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အ.ထ.က (မြို့သစ်) ၌ လူငယ်ရေးရာအသိပညာပေးဟောပြာပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လည် ၁နာရီက အ.ထ.က (မြို့သစ်) တွင် ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ (၂/၂၀၂၃) သင်တန်း ဖွင့်ပွဲအခမ်းအနားတက်ရောက်

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် တိုင်းရင်းသား ဘာသာစာပေသင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ (၂/၂၀၂၃) သင်တန်း ဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၁၄ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်ပညာရေးဒီဂရီကောလိပ်တွင်ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ သင်ကြားရေး ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့သည်။
Subscribe to