ချောင်းဆုံမြို့နယ်တွင် ရာသီအလိုက် စိုက်ပျိုးရသည့် သီးနှံများ အထွက်တိုးရေး တောင်သူ များအား အသိပညာပေး

ချောင်းဆုံ ဩဂုတ် ၁၂

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ တောင်သူများအနေဖြင့် ရာသီအလိုက် စိုက်ပျိုးထား သည့် သီးနှံများအား နည်းစနစ်တကျ စိုက်ပျိုး၍ အတွက်နှုန်း တိုးတက်လာစေရန်နှင့် လယ်ယာမြေ ဥပဒေများကို သိရှိနိုင်ရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်း၍ ဩဂုတ်လ ၁၁ ရက်နေ့ က ကွမ်လှာကျေးရွာ နှင့် အဘစ်ကျေးရွာတို့တွင် အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ဆန်းစပါး၊ နေကြာနှင့် ရာသီအလိုက် သီးနှံများ စိုက်ပျိုးရာတွင် ကြိုတင်သတိထား ရမည့်အချက်များ မျိုးကောင်း မျိုးသန့် စိုက်ပျိုးပြီး သိပ္ပံ နည်းကျ စိုက်ပျိုးနည်း စနစ်များ လိုက်နာကျင့်သုံးကြရန် ၊ မြေဩဇာ စနစ်တကျ သုံးစွဲတတ်စေရန် ၊ ပိုးမွှားအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ နှင့်  လယ်ယာမြေ ဥပဒေဆိုင်ရာ အကြောင်း အရာများကို   ဟောပြောခဲ့ကြောင်းနှင့် ဆက်လက်၍ အခြားကျေးရွာများ သို့လည်း  ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သူဇာ(ပြန်/ဆက်)