ပင်လောင်း ဩဂုတ် ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိနိုင်ရေးအတွက် မိုးစပါးစိုက်ပျိုးတောင်သူများအား နည်ပညာပေး သင်တန်းကို ဩဂုတ် ၁၁ ရက် နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ကျော်နိုင်က မိုးစပါးပန်းတိုင် အထွက်နှုန်း ရရှိနိုင်ရေးနှင့်ပတ်သက်သည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဆွေဆွေမာက မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိနိုင်ရေး ရည်ရွယ်ချက်များ၊ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ကြုံတွေ့ရမည့် အခက်အခဲများ ဖြေရှင်းရမည့်နည်းလမ်းများ၊ တစ်ဧကစပါးအထွက်နှုန်း ကောင်းမွန်အောင်ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် စိုက်ပျိုးစနစ်မှန်ကန်မှုရှိစေရေး၊ဓာတ်မြေဩဇာသုံးစွဲမှု နည်းပညာများ ရှင်းလင်းပို့ ချပေးခဲ့သည်။
အဆိုပါ နည်းပညာပေး သင်တန်းကို လုံပြင်ကျေးရွာအုပ်စု၊ နန်းတုတ်ကျေးရွာအုပ်စု၊ ထိန်ပင်ကျေး ရွာအုပ်စုမှ မိုးစပါးစိုက်ပျိုးတောင်သူ(၉၈)ဦး တက်ရောက်ခဲ့ကြပြီး၊ တက်ရောက်ခဲ့ကြ မိုးစပါးစိုက် ပျိုးတောင်သူများအား ယူရီးယားဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်