မိုင်းခတ် ဩဂုတ် ၁၃
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မိုးစပါး ပန်းတိုင်အထွက်နှုန်း ရရှိရေးနှင့် မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်းများအတွက် (ဒုတိယအကြိမ်) ဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီအချိန်က ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။
ဦးစွာ မိုင်းခတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိုးက အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်စိုက်ပျိုးရေးဦစီးဌာန၊ ဦးစီးမှူး ဦးယုမောင်က ဓာတ်မြေဩဇာ အခမဲ့ ထောက်ပံ့ခြင်းနှင့် မြေဩဇာများ အကျိုးရှိစွာ သုံးစွဲနည်းများအကြောင်း ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော ကျေးရွာများမှ တောင်သူများအား တာဝန်ရှိသူများက ဓာတ်မြေဩဇာများ ပေးအပ်ရာ တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ ဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ရာတွင် မိုင်းခတ်မြို့နယ်အတွင်းရှိ ဖာလန်ကော်ကျေးရွာအုပ်စု၊ တုံဖကော်ကျေးရွာအုပ်စု၊ မိုင်းညှင်းကျေးရွာအုပ်စု၊ ဝမ်အွန်ကျေးရွာအုပ်စုနှင့် ဟုတ်ပုံကျေးရွာ အုပ်စု(၅)အုပ်စုမှ တောင်သူ(၃၇)ဦးအား ဓာတ်မြေဩဇာအိတ် (၄၀) အိတ်တို့ကို
ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ကျန်ရှိသော ကျေးရွာအုပ်စုများကိုလည်း ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)