မလှိုင်မြို့၌ အဂတိတိုက်ဖျက်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် ဦးဆောင်၍ ဝန်ထမ်းများအား အဂတိတိုက်ဖျက်ရေးအသိပညာပေးဆွေးနွေးပွဲကို ဩဂုတ်လ ၁၀ ရက်နေ့ မွန်းလွဲ(၃)နာရီ အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်း၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။