မြစ်သားမြို့နယ်တွင် ပညာသင်နှစ် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း RC နှစ်ထပ်ကျောင်းဆက်လက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်ရွှေသူဌေးရပ်ကွက်ရှိ (အ.ထ.က) မြစ်သားကျောင်း၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း RC နှစ်ထပ်ကျောင်းဆောင် ဆက်လက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ၂၀၂၄-၂၀၂၅ ပညာနှစ်တွင် အလယ်တန်းအဆင့် (Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနိုင်ရေးအတွက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း RC နှစ်ထပ်ကျောင်းဆောင်သစ်မှာ အလျား (၁၁၄) ပေအရှည်ရှိပြီး အနံ (၃၂) ပေရှိ သံကူကွန်ကရစ်အဆောက်အဦဖြစ်ပြီး ခွင့်ပြုရန်ပုံ‌ငွေ (၃၅၆.၂၅၂) ကျပ်သန်းဖြင့် ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်းက စတင်ဆောက်လုပ်ခဲ့ရာ ၎င်းလုပ်ငန်းများ အရည်အသွေးပြည့်မီအောင် ဆောက်လုပ်နိုင်ရေး၊ သတ်မှတ်ထားသည့် အရည်အသွေးပြည့်မီစေရန်နှင့် သတ်မှတ်ကာလတွင်းပြီးစီးရန်အတွက် မြို့နယ်အရည်အသွေးစစ်ဆေးရေး ကြီးကြပ်မှုကော်မတီတို့မှ အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။

ကျိုက်ထိုမြို့နယ်တွင် ရေပြန်လည်ကျဆင်းမှုကြောင့် ဖွင့်လှစ်ခဲ့ရသည့် ကယ်ဆယ်ရေးစခန်းများပိတ်သိမ်း

ကျိုက်ထိုမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်း၍ တောင်ကျရေများစီးဆင်းပြီး ကဒတ်ချောင်း ရေလျှံမှုကြောင့် အနိမ့်ပိုင်းနေအိမ်များသို့ ရေများထပ်မံဝင်ရောက်လာသည့်အတွက် ဩဂုတ် ၉ ရက် နံနက်ပိုင်းတွင် ကျိုက်ထိုမြို့၊ ဇေယျာမွန်ရပ်ကွက်၊ တောရရွှေဂူကျောက်ကွင်း ဘုန်းကြီးကျောင်းနှင့် ကော့စံနိုင်ရပ်ကွက်၊ တောရဘုန်းတော်ကြီးကျောင်းတို့တွင် ကယ်ဆယ်ရေးစခန်းများပြန်လည် ဖွင့်လှစ်ခဲ့ရသည်။

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယအဖွဲ့ခွဲ၏ ဆဋ္ဌအကြိမ် ဒုတိယအစည်း အဝေးကျင်းပ

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယအဖွဲ့ခွဲ၏ ဆဋ္ဌအကြိမ် ဒုတိယအစည်း အဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီတွင် နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ သီတင်းသုံးတော်မူရာ မဟာနာယကကျောင်းတော်ကြီး၏ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

မိုင်းရှူးမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ နားစံကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဝမ်းတွင်းမြို့နယ်၌ကျေးရွာချင်းဆက် Box Culvert တံတားတစ်စင်း တည်ဆောက်ပြီးစီး၍ ကျေးလက်နေပြည်သူများသွားလာမှု အဆင်ပြေ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ကျေးရွာချင်းဆက် Box Culvert တံတား တစ်စင်းအား ဆောက်လုပ်ပြီးစီးကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

မလှိုင်မြို့၌ ဝါတွင်းကာလ ဒုတိယအပတ် သံဃာ့ဒါန ဆွမ်း၊ ဆွမ်းဟင်းနှင့် ဘောဇဉ်များ ဆက်ကပ်လောင်းလှူ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ သမိုင်းဝင်ရွှေမုဌော စေတီတော်မြတ်ကြီး၏ အာရုံခံတန်ဆောင်းတွင် ဝါတွင်းကာလ ဒုတိယအပတ်အဖြစ် ကျောင်းတိုက်ပေါင်း (၃၁) တိုက်တိုတွင် ဝါဆိုကြသည့် သံဃာတော် (၃၄၅) ပါးတို့အားဝါတွင်း ကာလဝါဆိုသီတင်းသုံး နေထိုင်စဉ် ဆွမ်း၊ ဆွမ်းဟင်း၊ ဘောဇဉ် အခက်အခဲမရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်ဦးဆောင်၍ သမိုင်းဝင်ရွှေမုဌော စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့၊ ဒေသခံစေတနာရှင် အလှူရှင်များစုပေါင်း၍ ယနေ့နံနက်(၉)နာရီအချိန်တွင် သံဃာ့ဒါန ဆွမ်း၊ ဆွမ်းဟင်းများနှင့် ဘောဇဉ်များ ဆက်ကပ်လောင်းလှူခဲ့ကြောင်း သိရသည်။

မိုင်းစံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်(၉)နာရီက အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းကိုင်မြို့နယ်၊ အ.လ.က(ပန်ကတ်)၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရန်အတွက် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေရုံးတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လှုပ်ရှားမှုများကို ဩဂုတ်လ ၁၀ ရက်နေ့၊ နေ့လယ်က အမှတ်(၅)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်း ကျောင်း(ပန်ကတ်)သို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မလှိုင်မြို့ အခွန်လွတ်သာသနာ့မြေဂရန် လျှောက်ထားမှုနှင့်ပတ်သက်၍ မြေပြင်ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မတ္ထီလာခရိုင်၊မလှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး(လက်ထောက်ကော်လိတ္တော်အရာရှိ) ဦးစိုးမင်းထက် သည် သြဂုတ်(၉)ရက် နေ့လယ်ပိုင်းက တာဝန်ရှိသူများလိုက်ပါလျက် မလှိုင်မြို့၊ ပန်းအိုင်ကျေးရွာအုပ်စု ပန်းအိုင်ကျေးရွာ “ ကံစွယ် ” ဘုန်းတော်ကြီးကျောင်း အမည်ဖြင့် အခွန်လွတ်သာသနာ့မြေဂရန် လျှောက်ထားမှုနှင့်ပတ်သက်၍ မြေပြင်ကွင်းဆင်း တိုင်းတာစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
Subscribe to