ကျိုင်းလပ်မြို့၌ မိုးစပါး ပန်းတိုင်အထွက်နှုန်း ရရှိရေး တောင်သူလယ်သမားများအား ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့အတွင်းရှိ ကျေးရွာများသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ မိုးစပါး ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ကျခမ်းကျောက်အုပ်စု နမ့်ငေါ့ကျေးရွာ၊ မိုင်းပါလျိုးအုပ်စု ၀န်လန်းကျေးရွာနှင့် နမ့်ခင်းအုပ်စု၀မ်တုံ စသည့်ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။