ရွှေတောင်မြို့နယ် ကုန်စုံဆိုင်၊ စတိုးဆိုင်များအား အစားအသောက်နှင့် ကုန်စည်များ၌ ကုန်အညွှန်း အမှတ်အသားများ ကြည့်ရှုစစ်ဆေး
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မြို့မစျေးအတွင်း ကုန်စုံဆိုင်၊ စတိုးဆိုင်များနှင့် ရွှေတောင်မြို့ပေါ် ကုန်စုံဆိုင်၊ စတိုးဆိုင်များကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများ၊မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက အစားအသောက်နှင့် ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်း ရှိ/ မရှိတို့အား စစ်ဆေးကြည့်ရှုခဲ့သည်။