အိမ်မဲမြို့နယ်တွင် မူလတန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲ၊ အင်္ဂလိပ်စာဥာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် နံရံကပ်စာစောင်စာအုပ်ပြပွဲ ပြသ

အိမ်မဲ သြဂုတ် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် မူလတန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲ၊ အင်္ဂလိပ်စာဥာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် နံရံကပ်စာစောင်စာအုပ်ပြပွဲပြသခြင်းကို ဩဂုတ်လ ၁၁ ရက်နေ့ နံနက်(၁၁)နာရီတွင် ကျင်းပသည်။

အခမ်းအနားတွင် အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဌေးဌေးလှိုင်က ကျောင်းသား၊ ကျောင်းသူများ စိတ်ကူးစိတ်သန်းနှင့်ဥာဏ်ရည်ဥာဏ်သွေးထက်မြတ်စေရန်၊ အများသူငှာရှေ့တွင် ရဲ့ဝင့်စွာပြောဆိုတတ်စေရန်အစရှိသည့် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ ၊ အင်္ဂလိပ်စာဥာဏ်စမ်းပဟေဠိပြိုင်ပွဲများကျင်းပရာ ကျောင်းသား၊ ကျောင်းသူများဝင်ရောက်ယှဥ်ပြိုင်ကြပြီး ဆုရရှိသူများကို မြို့နယ်ဦးစီးအရာရှိက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်မှုအသိပညာပေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်များနှင့် အသိပညာဗဟုသုတရရှိစေမည့်စာအုပ်များကိုပြသထားရှိရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)